Wednesday, June 6, 2007

အနုပညာစစ်စစ် ဘ၀အတု

သူ့မိန်းမပစ်သွားတာ
ဆယ့်ရှစ်နှစ်ရှိပြီ..။
သားနှစ်ယောက်က
ကမ္ဘာ့ရွာထဲမှာ
ပျောက်ခြင်းမလှပျောက်နေပြီး
သမီးတစ်ယောက်က
ကာရာအိုကေစင်မြင့်ပေါ်မှာ
ဘ၀ကိုအလမ္မာယ်ပြတယ်...
သူကိုယ်သူဝင့်ကြွားဖို့
တစ်စုံတစ်ရာရှာမရဘူး။
ဘ၀ကိုထိုးဖွလိုက်တိုင်း
ရွံ့ရှာဖွယ်အစအနတွေနဲ့
သူဘယ်တော့မှစိတ်တိုင်းမကျသလို
သူဘယ်တော့မှနောင်တမရဘူး
တစ်ခုပဲ
သူနဲ့မသက်ဆိုင်သူတွေက
သူနာမည်ကိုတလေးတစား
ဖတ်ရှုနေချိန်မှာ
သူကတော့အရက်ဆိုင်နံရံပေါ်က
ပါရီကဖေးကိုငေးလို့
သူအတွေးတွေက၀မ်းနည်းမှုတွေဈာပနပေါ့။

မိုးလှိုင်ည
(အနုပညာဖြင့်ရဲရင့်ကြသူမျာ

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...