Monday, June 4, 2007

အသက်ရှုကျင့်နေတဲ့ သစ်ပင်

ပန်းတစ်ပွင့် ကြွေရုံနဲ့
ရနံ့တွေ မပြယ်နိုင်ပေမယ့်
မျိုးစေ့တစ်စေ့တော့ လျော့ဦးမယ်။

လိပ်ပြာတစ်ကောင် သေရုံနဲ့
လိပ်ပြာတွေ မျိုးမတုံးနိုင်ပေမယ့်
ဝတ်မှုန်တစ်မှုန်တော့ ဆုံးရှုံးဦးမယ်။

သစ်ရွက်တစ်ရွက် ကြွေရုံနဲ့
သစ်တောတစ်ခုလုံး မဖြုန်းတီးနိုင်ပေမယ့်
သစ်ကိုင်းကတော့ အကျည်းတန်ဦးမယ်။

မိုးတစ်စက် ရွာချရုံနဲ့
လောကတစ်ခွင်လုံး မစိမ်းလန်းနိုင်ပေမယ့်
မြက်တစ်ပင်တော့ ရှင်သန်ဦးတယ်။

ဟောဒီက ကောင်ကို
စားမကောင်းတဲ့အသီးလို့ ဆိုခဲ့ရင်တောင်
တစ်ကြိမ်တစ်ခါတော့
ပန်းတွေနဲ့ ဝေခဲ့ဖူးပါတယ်။

လေထဲမှာ ကာဗွန်ဒိုင် အောက်ဆိုက်ဒ်တွေများတော့
ငါးတစ်ကောင်လို
ရေထဲမှာ အသက်ရှုတတ်အောင် ကျင့်ရဦးမယ်။

၉၉စနေ

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...