နှင်းဆီချင်းတူခဲ့ရင်တောင်
သူကပိုရဲရင့်တယ်
မာယာနဲ့အဆိပ်တွေအားလုံး
သူရဲ့အေးစက်စက်ရင်ထဲမှာ
အပြည့်အသိပ်...။
ဖျားယောင်းသွေးဆောင်မှုမှာ
တစ်ဖက်ကမ်းခပ်သလို
ကျိန်စာတိုက်ရက်စက်ရာမှာလည်း
မာရ်နတ်ရဲ့ သမီးတော်တစ်ပါးပဲ...။
ရင်ခွင်မုန်တိုင်းတွေအားလုံးကို
သူကြိုးကိုင်မောင်းနှင်လို့
လက်မရွံ့သားတွေနဲ့
သူရဲကောင်းတွေကိုတောင်
ဒူးထောက်ရူံးနိမ့်အောင်
သူစွမ်းဆောင်နိုင်တယ်..။
ပြီးတော့
အားလုံးကို ဟားတိုက်ပြီး
အနိုင်ယူလိုက်တယ်
အဲဒီမှာ သူကျဆုံးရတာပဲ
ချစ်ခြင်းမေတ္တာကို သူသိမသွားရှာဘူး..။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သာမန်နေ့လေးတစ်နေ့ပါပဲ ငါမွေးလာတော့ … အဲဒါ ငါ့မွေးနေ့ဖြစ်လာတယ်… တချို့တွေသေဆုံးသွားတော့ အဲဒါဟာ ဈာပနနေ့ဖြစ်လာတယ်… ငါက မွေးနေ့ပွဲလ...
-
အစိုးရကိုယ်၌ ကသောင်းကနင်းနှင့် အဓိပ္ပါယ်မရှိ ဖြစ်နေလျှင်၊ မကူညီဘဲ စိုးမိုးအုပ်ချုပ်နေလျှင်၊ ဦးမဆောင်ဘဲ အမိန့်များသာပေးနေလျှင်၊ဤ...
-
ရန်ကုန်ဟာ ကိတ်မုန့်ပေါ် ဖယောင်းတိုင်စိုက်ထားသလို မိုးမျှော်တိုက် ကျိုးတိုးကျဲတဲနဲ့ သူ့အလှကိုသူ ကပိုကယိုနဲ့ နေလို့ပေါ့ မေးနေကြ မေးခွန်းက ရေမီး...
No comments:
Post a Comment