Monday, June 1, 2009

ဖြေစရာမလိုတဲ့ ပုစ္ဆာ

တစ်ဖက်သက်နဲ့

ဒိုင်ပွဲရပ်တွေခဏခဏများနေတယ်

လောကကြီးက

ဘယ်သူ့ကိုအနီကဒ်ပြမှာလည်း

ဆူပူသောင်းကျန်းလွန်းနေတဲ့ခေတ်ကို

မိုက်ရိုင်းထွားကျိုင်းလွန်းတဲ့ လူတွေကိုလား

ပရိတ်သတ်ကို ခဲနဲ့ပြန်ပေါက်တတ်တဲ့

ပလေယာတွေ…

ခြေစွမ်းမပြနိုင်လို့ တဖက်အသင်းကို

လူချကစားနေတဲ့ ညစ်ကျယ်ကျယ်တွေ

ဒိုင်လူကြီးတွေကလည်း

အမှန်ကိုမမြင်နိုင်ဘူး…

သူတိုလည်းနင်နေတာကြာပြီ…

ငြိမ်ငြိမ်သက်သက် ၀မ်းနည်းခြင်းအထိမ်းအမှတ်တွေ

သိပ်များနေတဲ့ နေရာ…

သန်းခေါင်ထက်နက်တဲ့ညဉ့်တွေ

အရူးတွေနေမ၀င်နဲ့

အမှန်တရားက အခုမှဖိနပ်စစီးတုန်းလား

ကိုယ့်နားရင်းကို နာနာတီးဖို့ပဲလိုတယ်..

လူဖြစ်တာမင်းအမှားလို့…


မိုးလှိုင်ည

3 comments:

  1. မိုးလှိုင်..

    ဒိုင်ပွဲရပ်ရှုံးတာကိုမှ..လာတူနေရတယ်ကွယ်...

    ကဗျာလေး...ကြေကြေကွဲကွဲကြိုက်သွားတယ်

    ReplyDelete
  2. အမှန်တ၇ားတွေ ဖိနပ်စစီးပြီးလား
    ဒါဆို မျှော်လင့်လို.၇တာပေါ့
    အင်း ဒါမှမဟုတ်........

    ReplyDelete
  3. အနီကဒ်တော့ မပြလိုက်ပါနဲ့ဦးဗျာ..
    အခုမှ ကွင်းထဲ ဝင်ကစားမလို့ကြံ နေတာပါ .. .း) ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...