Monday, June 21, 2010

အရိုင်းတေး


အရိုင်းတေး


ငါ့ဘ၀က ပျံကျဆိုရင်

ငါ့အနုပညာက ခေါင်းရွက်ဗျက်ထိုး

ကျပျောက်လိုက် ပြန်ကောက်လိုက်နဲ့ပဲ

ခရီးစဉ်တိုင်းဟာ တေ့လွဲ

တစ်နေ့တစ်နေ့

မမြဲခြင်းတရားကိုရှုလို့

မျက်နှာမူရာအရပ်က

နေမထွက်တော့တာလည်း ကြာပြီ

အကုသိုလ်သိပ်ကြီးတဲ့အလုပ်

ငါးအချင်းချင်း ဘယ်တော့မှ ပြန်မမျှားလေနဲ့

ဒီမှာ

ဘ၀ကို ချစ်တတ်ဖို့ပဲလိုတယ်

အသက်ကို အသစ်ပွင့်လိုက်..။

ညိမ်းညို

၂၀၀၇ ကတည်းက ညိမ်းညိုနဲ့ ကျွန်တော် သိကျွမ်းရင်းနှီးခဲ့ရတယ် သူကဗျာတွေ ကိုယ်ဖတ် ကိုယ့်ကဗျာတွေ သူလာဖတ်နဲ့ သူနဲ့အတူ ကျွန်တော်တို့ အွန်လိုင်း ကနေ ဘလော့ကဗျာကဏ္ဍတွေကို အတူတူ ကြိုးစားတည်ဆောက်ခဲ့ကြတဲ့ ကျွန်တော်တို့နဲ့ အလှမ်းဝေးကွာနဲ့ မဂ္ဂဇင်း စာမျက်နှာတွေပေါ်ကို ကျွန်တော်တို့ မရောက်ရှိနိုင်ခဲ့ပေမယ့် ညိမ်းညိုရဲ့ ဆိုဒ်လေး ထဲမှာ သူ့ကဗျာဖတ်ပရိတ်သတ် ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေနိုင်တာကို တွေ့ရပါတယ်.. သူ့ပရိတ်သတ်တွေထဲမှာလည်း ကျွန်တော် ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်..။ အခု သူ့ကဗျာစာအုပ်လေးထွက်လာတော့ အမှတ်တရသိမ်းဆည်းစရာ ကျွန်တော် စာအုပ်စင်လေးမှာ ဂုဏ်ယူစရာ ကဗျာစာအုပ်တစ်အုပ်ထပ်တိုး လာပါတယ်။ သူ့စာအုပ်လေးကို ကျော်မွှေးစာပေကထုတ် ဝေပြီး ဆရာစိုင်းဝင်းမြင့် ကအမှာစာရေးထားပါတယ်.. ကဗျာပုဒ်ရေ ၇၂ပုဒ်ပါဝင်ပြီး ညိုမ်းညိုနဲ့ သူ့ပရိတ်သတ်တွေ အတွက် အမြဲတမ်းရှိနေမယ့် အမှတ်တရပဲ ဖြစ်ပါတော့တယ်..။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...