Pages

Wednesday, June 2, 2010

လွင့်

စာအုပ်ဖွင့်မိတော့မှ သင်ရိုးညွှန်းရှာမတွေ့တဲ့အဖြစ်တွေ၊
မှင်ရည်ကျဲလွန်းလို အရောင်မှိန်ခဲ့တဲ့ ဘ၀တွေ၊
ခေါ်သံကြားပေမယ့် ပြန်မလာနိုင်တဲ့ နေ့ရက်တွေ၊
ကိုယ်တိုင်ယှဉ်မပြိုင်ဘှဲုံးခဲ့ရတဲ့ ပြိုင်ပွဲတွေ၊
ရှိစေတော့ကွယ်
အဖြူရောင်ဟာ တကယ်တော့ ဆေးဆိုးထားတာပါ။

အခိုးအငွေ့တွေကြားမှာ ရိုးသားမှုကိုရှာကြည့်၊
အမှတ်မထင်ပဲ ပျောက်ပျောက်သွားတတ်လို့၊
အဓိပ္ပါယ်ရှိတာတွေလည်း အဓိပ္ပါယ်မရှိသလို၊
အတိအကျဆိုတာကလည်း မတင်မကျနဲ
စာမျက်နှာတွေသာ တစ်ရွက်ပြီးတစ်ရွက်ကုန်သွားတယ်၊
ငါ့အတွက် သင်ရိုးညွှန်းတန်းဘယ်မှာလဲကွယ်....
ဟင့်အင်း....အမှားတွေဖြေပြီးတော့ ဂုဏ်ထူးမလိုချင်ပါဘူး၊
အရီအပြုံးများလွန်းတဲ့ မျက်နှာဖုံးတွေနဲ့လည်း ပရောပရီမနေချင်ဘူး၊
အိပ်မက်ထဲမှာလမ်းလျှောက်တာလည်း ခရီးမရောက်ဘူး၊
လေမတိုက်ပဲလည်း လမ်းပျောက်လွန်းလို
ဟိုးညနေက မိုးပျံပူဖောင်းအပြာလေးလိုပဲ လွင့်၊
လွင့်သွားခဲ့တယ်
ကြာပါပြီ......

နွဦးပုံပြင်