Wednesday, June 2, 2010

ဟာသပဲ..။

မရယ်ရတဲ့ ကိုယ့်ပြက်လုံးတွေနဲ့ကိုယ်
မီးပွိုင့်တွေ နီလိုက်စိမ်းလိုက်ဝါလိုက်
အဲဒီလိုမဟုတ်မှန်းသိသိနဲ့
အချိုးပြေပြေငါကလမ်းဖြတ်ကူးလာတာပါ…
နင်ကရော.. ဘယ်လိုဇာတ်လမ်းတွေနဲ့
လွဲချော်နေမှာပဲ…
ပြန်မလာမှန်းသိသိချည်းနဲ့
ဒီလမ်းမကြီးကိုငါငေးနေတာ ကြာပြီ
ပျင်းပျင်းရိရိ တွေတွေဝေေ၀
အခုနေနေတဲ့ အခိုက်အတန့်လေး
နင့်စိမ်းစိမ်းကားကားမျက်ဝန်တွေကြား
ငါ က အစိမ်းလိုက်ကြီးသေနေတဲ့ အစိမ်းသေ…
ပင်လယ်တွေ အထပ်ထပ်ခြားလည်း
မနက်ခင်းတွေက အတူတူ
အခုတော့ နင်ကနွေဦးရာသီထဲမှာ
ငါက ညဆယ့်တစ်နာရီအထိ စာထိုင်ဖတ်လို့
အပြင်သိပ်မထွက်ဖြစ်ဘူး
မရယ်ရတဲ့ပြက်လုံးတွေကို ငါမငေးမိတော့
ဒီတစ်ခါတော့ တစ်ယောက်ရယ်သံ တစ်ယောက်ကြားအောင်
ဂျီတော့ပ်က ကော်နက်ရှင်ရလို့
ငါကတော့ ထုံပေပေ.. နဲ့ရယ်တယ်
ဟာသတွေပါပဲ.. မရယ်ရတဲ့အပြင်
နင်နဲ့ငါ အဝေးကြီးမှာ.. တစ်ယောက်နဲ့တစ်ရယ်မောပစ်လိုက်ကြတယ်..
ဟာသပဲ…
နှလုံးသားကိုယ်စီငိုကြွေးလို့


မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...