Tuesday, May 11, 2010

ဒီအတိုင်းမထားရက်ခဲ့ပါ

ဆက်ထားတဲ့ဆက်ကြောင်းတွေကြားမှာ
မြန်နှုန်းမြင့်မြင့် ချိတ်ဆက်
ဒေတာတွေ ပါဝါပွိုင့် အဖြစ် ပြောင်းကုန်တယ်လေ

တို့သုံးတဲ့ဖောင့် နဲ့ဆိုက်က တော့ နဲနဲထူးမယ်
အက်စ်စာဘဲလေ..
အပ်ဒိတ်လုပ်ထားကတော့ အော်တိုဘဲပေါ့
ဘန်းဝစ်ဘ် က နှစ်မျိုးသုံးတယ်လေ ဝိုင်ယာလက်တော့ကိုယ်ပိုင်သုံးပေါ့..

လူသားချင်းအတူတူ
ဘာကြောင့်ချစ်ခင်သူတွေဝိုင်းနေရတာလဲ
ဘာကြောင့်ကဗျာပန်းကုံးသီကုံးနိင်ရတာလဲ
ကိုယ်နေဟန်ထားတွေအချိုးမကျတဲ့သူမို့လား
ဒီအတိုင်းထားခဲ့တာလား
သူများကောက်ယူသွားနိုင်တယ်

နေ့တိုင်းအပူချိန်ကွာခြားနေတယ်
မနေ့ကမိုးရွာတယ် ဒီနေ့မိုးအုပ်တယ်
မနက်ဖန်နေပူမယ်

သတိရမိမှာလားဟင် ကိုယ့်စိတ်ကိုယ်မေးကြည့်တော့
မေ့ပစ်ရမယ် အဲဒါတော့သေချာတယ်..
ရင်ထဲက အချက်အလက်တွေကို
အတည်ပြုခြင်းရှိမရှိ..
ထားခဲ့လိုက်မယ်ဆိုရင်လည်းရတာပဲ
ဘတ်စကားပေါ်မှာလား ကန်ရေပြင်မှာလား..
ရေလွာလျောစီးထဲမှာလား ဘောလုံးပွဲမှာလား
ဒါမှမဟုတ် တနေရာရာမှာပေါ့
ပတ်စဝပ်နဲ့မြုတ်ထားတယ်လေ

အတူတူသွားခဲ့ဖူးတာ
အတူတူမသွားခဲ့တုန်းကထက်ပိုသိလာတယ်..
ကန်ရေတွေတဖျတ်ဖျတ် တပွတ်ပွတ်
ရေပူေ၇နွေးေ၇လွှာလျောစီး ရေလှိုင်းတွေကြား
လူစိမ်းတွေထဲမှာနေမိတယ်
ငွေရောင်ဆံနွယ်တွေကြား
ဆံနွယ်မဲမဲဘယ်နေရာမှာတွန့်ခွေနေမှာလည်း
မပြောပြဖြစ်တဲ့အကြောင်းတွေကို
ရင်ထဲမှာကောင်းကောင်းမှတ်မိနေတယ်..
ထားခဲ့ပါတော့ ပင်လယ် နှစ်ခုရဲ့အဝေးတစ်ဖက်မှာ
နစ်မွန်းခဲ့ရေစိမ်နာရီတွေအကြောင်းလေ…။

Anonymous

4 comments:

  1. ဒီလိုလုပ်လိမ့်မည်ဟု လုံးဝမထင်ထားတာ
    အောင်မလေး အနုမြု ဦးနှောက်ကြီး

    ဆုံးမတာတော်လိုက်တာ

    ဘယ်သူလည်းဆိုတာကော သိလား
    မျက်နှာဖုံးရှင်ကိုလေ ဘလောက်ပေါ်မတင်နဲ့
    မှန်ရင်ရေးထားတဲ့ကဗျာတွေဆက်တိုက်ရွတ်ပြမယ်

    Cheer!
ံGood bye

    ReplyDelete
  2. ကျွန်တော် ခင်ဗျားဆီက အာရှတိုက်ရဲ့ အလင်းရောင် ဆိုတဲ့ ကဗျာရှည် ကို လက်ဆောင်ရရင် ပြန်လိုချင်ပါသေးတယ်... မိတ္တုပဲ ကူးပေးရင်တောင် တော်တော်လေး ကျေးဇူးတင်မိမှာပါ...

    ခင်မင်လေးစားလျှက်။

    ReplyDelete
  3. ကဗျာလာဖတ်သွားပါတယ်။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  4. ဆံနွယ်မဲမဲ ဖြစ်သွားပီလား...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...