Saturday, May 29, 2010

မိုးစက်မှုန်ဝေ

လေကာမှန်က ရေငွေ့တွေပျံပြီး မှုန်ဝါးနေတယ်

ရှေ့ မီးကြီးတွေ အကုန်လုံးထွန်းထားကြပြီ..

မိုးစက်တွေက အရာအားလုံးကို တဖြောင်းဖြောင်းရိုက်ချ

ဝေါကနဲ.. ဝေါခနဲ..၊

ဘယ်ဟာအမှန် ဘယ်ဟာအမှားလည်း

ရင်ဘတ်ထဲမှာမိုးများနေတယ်

လမ်းတွေကိုမြှင့်လိုက်တော့

အိမ်တွေထဲရေတွေအကုန်စီးဝင်လာတယ်

ခြေတွေအားလုံး ထိုင်ခုံတွေပေါ်ထင်ထားလိုက်ကြတယ်

စိုထိုင်းဆတွေမြင့်တက်လာခဲ့

မိုးစက်တွေဖွေးဖွေးလှုပ်ကျနေတယ်

ကန်ရေပြင်ကလည်းစိတ်ကစားလို့

နောက်ကျောကအသံတွေ

နောက်လှည်မကြည့်ပဲကြားရသလို

ကျန်ခဲ့တဲ့နှစ်တွေကို ပြက္ခဒိန်ပြန်မလှန်ပဲ မှတ်မိနေတယ်

နင်တွေးနေမယ့် အတိုင်း ငါနဲ့ ခုံတန်းပြာလေးစိုစွတ်နေတုန်းလေ..

ကမ္ဘာဦးကတည်းကမိုးတွေ အခုထိသည်းတုန်း

နှုတ်ခမ်းတွေ ပြာလာတဲ့အထိ လက်ဖ၀ါးတွေတွန့်ကြေလာတဲ့အထိ

ပြတင်းမှန်လေးကနေ အပြင်ကိုငေးတော့

နီယွန်မီးတိုင်အောက်က မိုးစက်မိုးပေါက်တွေအလှ

ပန်းချီကားထဲဘယ်လိုဆွဲထည့်လို့ရမလည်း

အပျော်တမ်းငါ့ကင်မရာလေးထဲဖိုးကပ်စ်ခဏခဏဖြတ်မိတယ်

တစ်ချက်တစ်ချစ် နင့်ကိုလိပ်ပြာလွင့်မတတ်လွမ်းတယ်...

မိုးစက်မှုန်ဝေ..

ငါ့အတွေးထဲ အဲဒီနာမည်လေးလာပေါ်တယ်

ငါကို့မေ့မပစ်ချင်လို့ နင့်နာမည်မှာ ညသတ်ထည့်လိုက်တာလား

အဲဒီလိုတွေးမိတဲ့ခဏ ရင်ထဲကို မိုးဖွဲတွေကျလာတယ်


မိုးလှိုင်ည


“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...