ငယ်ငယ်တုန်းက ၀လုံးတွေမ၀ိုင်းလို့
သစ်သားပေတံနဲ့ အမေက
ကျွန်တော့် လက်ဆစ်လေးတွေကိုခေါက်ခဲ့ဖူး
ပေတေတေဇွတ်တရွ ကျွန်တော်က
မတော်တဆ ၀ိုင်းသွားတဲ့ ၀လုံးတောင်မှ
ခဲဖျက်နဲ့ဖျက်ပြီး ပေစောင်းစောင်းရေးခဲ့ဖူးတယ်…
နာလိုက်တာအမေရယ်
တစ်ဘ၀စာ အမေ့အဆုံးအမတွေကို
လုံးလုံးပစ်ပါယ်ခဲ့ပြီးမှ
လောကဓံရိုက်နှက်ချက်တွေထဲ
ကျွန်တော် ငယ်ငယ်ကအမေ့ဆီမှာ
အော်ငိုခဲ့သလို…
လွတ်လပ်မိချင်ရဲ့…..
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့် ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို ရွာသား ရွာသူ၊ မေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူ့ကိုကြည့်ပြန်တော့လဲ အဲဒီကကို မတက်တော့ဘူး ကိုယ်ရပ်နေသလိုလို သူသွားနေသလိုလို၊ မဟုတ်ဘူး ဘယ်သူမှ မသွားဘူး ဘယ်သူမှမရပ်ဘူး သွားတယ်ရပ်တယ်ဆိုတ...
လောကဒဏ်ရဲ့ ရိုက်ချက်တွေကိုတော့ ပေစောင်းစောင်းသွားမလုပ်ပါနဲ့နော်.... ဖျက်စရာခဲဖျက်မရှိလို့ပါ..............
ReplyDeleteဟလို
ReplyDeleteအခုတော့ အမေ့ကို လွမ်းပြီပေါ့..။
ဆုံးမမဲ့သူ မရှိဖြစ်လည်း ကိုယ့်ကိုယ်ကိုယ် ကဗျာတွေနဲ့ ဆုံးမပေါ့..။
အားပေးပါသည်..။ လာလည်ပါလို့ တခါတည်းဖိတ်ပါတယ်ရှင်..။
မဗေဒါ