Sunday, May 9, 2010

တကူးတကမေမေ

မေမေ .. ကျွန်တော်လွမ်းချင်တယ် မေမေ့ကို
ဒါပေမယ့် မလွမ်းတတ်ဘူး မေမေ
အလွမ်းတွေနဲ့ဖျားပြီး အလွမ်းတွေနဲ့နာနေရတာနဲ့ပဲ
သားဘ၀တစ်ခုလုံး ထုံကျဉ်ကိုက်ခဲလို့
မေမေ့သားက မေ့မေ့ကို သတိရတဲ့အခါမှာ
မေလ ၉ ရက်နေ့မှ လွမ်းရမယ်လို့ဗျာ
သားမှာ ရက်ချိန်းအတိအကျဆို ရောက်အောင် မသွားတတ်တဲ့
အကျင့်ဆိုးမျိုးကလည်း ရှိနေသေးတယ် မေမေ
မေမေ နေကောင်းမှာပါ
သားကိုသတိရတဲ့ အမေတွေဖျားနာနေတာ
သားမကြားဖူးတာကြာပြီ
သားကို ပြန်တွေ့ဖို့ မေမေကျန်းမာနေမယ်ဆိုတာလည်း
ယုံတယ်
မေ ၉ ရက်ကျမှ ထူးထူးခြားခြား ထမလွမ်းပြတော့ဘူး မေမေ
သားရင်ထဲက အကန့်တစ်ကန့်မှာ
သားကန့်လန့်တိုက်ခဲ့တဲ့ မေမေ့ရဲ့ ဆုံးမချက်တွေက
ပြတ်ပြတ်ထင်ထင် စွဲလို့
သားလူတောသူတော တိုးရဲပြီမေမေ
မေမေ့သား လူစစ်စစ်တွေနဲ့ လူပီပီသသချစ်တတ်မုန်းတတ်နေပြီ
မရှိခိုးနိုးဆိုတဲ့ မျက်နှာမျိုးနဲ့လူတွေကိုလည်
အေးတိအေးစက် ကြည့်တတ်နေပြီမေမေ
သူများနှာခေါင်းနဲ့ အသက်ရှုပြီး
သူများပါးစပ်နဲ့ စကားပြောတဲ့လူမျိုးရဲ့ မျက်မုန်းတွေကျိုးနေတာလည်း
သား .. ခံရဲနေပြီ
သားလက်ဆောင်တွေ မပါးနိုင်ပါဘူး မေမေ
ဒါပေမယ့် လက်ဆောင်ထက်ကောင်းမြတ်သောအရာတွေ
မေမေရရှိနှင့်နေလောက်ရောပေါ
သားမလိမ်မာသေးဘူး သားမိုက်နေတုန်း
မလိမ်မာတဲ့ မိုက်ဇာတ်ကို ခပ်တည်တည်နဲ့ စင်ပေါ်တက်ကရဲတဲ့ သတ္တိမျိုး
ခု ... အမေ့သားမှာ ရှိနေပြီ
သူတကာလိုတော့ ငိုရီငိုရီမနေတော့ပါဘူး
လောကဓံကြိမ်ချက်ကို အမေသင်ပေးဖူးတဲ့နည်းတွေထက်ပိုပြီး
သားခံတတ်နေပါပြီ
အမေ ပျော်တယ်ဟုတ်
သား ကဗျာရေးဖြစ်သွားတယ်


ကိုဖြိုး

3 comments:

  1. ကြိုက်တယ်အစ်ကိုရေ.. ကဗျာတစ်ပုဒ်လုံးပစ်ရက်စရာကို မရှိဘူး..
    ဒီစကားကို သာမန်ဝတ်ကျေတန်းကျေလူမှုရေးအရ ပြောသွားတာမဟုတ်ဘူးအစ်ကို တကယ်ကြိုက်လို့ပြောသွားတာ..

    ReplyDelete
  2. ကဗျာကိုလာဖတ်သွားပါတယ်...ကြိုက်တယ်..
    ရာကြီးကတော့ သာမန်ဝတ်ကျေတန်းကျေလူမှုရေးအရ
    ပြောတာမဟုတ်ဘူးးဆိုတာထက်ပိုတယ်..:)

    ReplyDelete
  3. မလိမ္မာတဲ့ မိုက်ဇာတ်ကို အဆုံးသတ်ပြီး တလှပ်လှပ်ခုန်ုနေတဲ့ အမေ့ရင်ဘတ်မှာ မျက်နှာအပ်ကာ ပြုံးရွှင်စွာနဲ.“ သား လူလိုနေ တတ်လာပြီ အမေရေ” လို.ပြောလိုက်ပါလားကွယ် ။
    ဒါမှလည်း သနားစရာအမေ့ခမြာ သားခေါင်းကိုလက်နဲ.သပ်ကာ ကျေနပ်ရှာမှာပေါ့ ..ဟုတ်တယ် ဟုတ် ...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...