Tuesday, May 25, 2010

ပြူတင်းဘေး တစ်ဖက်တစ်ချက် လေညှင်းထဲ…

တစ်ချက်တစ်ချက် ဆံပင်တွေကို ဖြတ်တိုက်သွားတယ်…
လေးညှင်းဖြည်းဖြည်း…
တိုက် အမြင့်ကြီးပေါ်က နှစ်ကာလအဝေးကြီးကို ငေးရင်း
အသက်တွေ သိပ်ကြီးနေပြီလားလို့…
ငြီးငွေ့မှုဟာ သွေးထဲကို စိတ္တဇတွေဖောက်ထည့်နေတယ်
မီးတွေရောင်စုံလင်းနေတာ မီးတစ်ပွင့်မှ မလင်းတဲ့ညတွေကို
မမှတ်မိသလိုမျိုး
ချွေတာရေး အစီအစဉ်တွေထဲ အသက်ရှင်စရိတ်တွေကြီးမြင့်ချိန်
ငယ်ငယ်တုန်းကတော့ အိမ်ငယ်ငယ်လေးထဲမှာ ပျော်ဖူး
အဘွားခူးကျွေးတဲ့ ကန်စွန်းရွက် ချဉ်ဟင်းပူပူနဲ့
ဝါးကြမ်းခင်းပေါ်ကနေ ကန်စွန်းခင်းထဲငေးရင်း
ညီအစ်ကိုမောင်နှမတစ်တွေ ငြင်းခုန်ခဲ့တာ
စပါးကြီးမြွေကြီးကိုတွေ့တော့ တစ်ယောက်လက်တွေကို
တစ်ယောက်ဆုပ်ကိုင်လို့…. အားကိုးတကြီး
လေညှင်းက ခန်းဆီလိုက်ကာတွေကို တဖျတ်ဖျတ်
တီဗီချန်နယ်တွေ တစ်ခုပြီးတစ်ခုပြောင်း
ငယ်ငယ်က ဇာတ်လမ်းဟောင်းလေးတွေ လိုက်ရှာနေမိတယ်
လိပ်ပြာတောင်ပံခတ်သံလို ကမ္ဘာအရပ်ရပ်က ညီအစ်ကိုမောင်နှမတစ်တွေ
ဖြည်းဖြည်းဖွဖွ အသက်ရှုသံတွေနဲ့ အိပ်ပျော်နေမလား…
လေညှင်းနဲ့အတူ လွမ်းစိတ်တွေလွှတ်တင်လိုက်တယ်
ချန်နယ် H ကသူတို့ ဖန်သားအိပ်မက်မှာ ပေါ်ပါ့မလား…။


မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...