Monday, October 12, 2009

အင်စတော်လေးရှင်း ၀ါကျများ

ဝါကျတစ်ကြောင်းကို
ခေါင်းပေါင်းပေါင်းဖို့ ပြင်နေတုန်းမှာ
ဝါကျတစ်ကြောင်းက လမ်းလျှောက်ထွက်သွားတယ်
ငါးမျှားနေတဲ့ဝါကျက
အကုသိုလ်ဆို အစုံလုပ်တယ်
တီတူးတာတို့ ခါချဉ်ဖွတ်တာတို့ဆိုပါတော့ဗျာ
တနေ့တနေ့
ဝါကျတွေမနိုင်မနင်းနဲ့ ကျွန်တော်
လျှောက်သွားနေမိတယ်။

အဓိပ္ပာယ်လား ….
အထိုက်အလျောက်တော့ ရှိမယ်ထင်ပါရဲ့
တချို့နေထိုင်မကောင်းဖြစ်တာနဲ့
ကျွန်တော့်ဆီက၀ါကျလေးတွေ လာလာတောင်းကြတယ်
ကျွန်တော့်ဆီမှာ ၀ါကျကောင်းကောင်းမရှိဘူး
တော်ရိလျော်ရိထဲက အဆင်ပြေတာတွေပေးလိုက်ရတာပဲ
တစ်နေ့ကတော့
ဝါကျတွေရဲ့နာရေးကို ဖတ်လိုက်ရသေးတယ်။

ဒီဘက်ခေတ်ထဲမှာ
စီးပွားပျက်လို့ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့
ဝါကျတွေလည်း ရှိလာတယ်။

တချို့ဝါကျတွေကျတော့ အသံထွက်မမှန်ဘူး
တချို့ဝါကျတွေကျတော့ ကျပ်မပြည့်ဘူး
ပြန်ပေးဆွဲခံရတဲ့ ၀ါကျတွေရှိသလို
တော်လှန်ရေးလုပ်နေတဲ့ ၀ါကျတွေလည်းရှိလာတယ်
တချို့ဝါကျတွေက စစ်ယူနီဖောင်းနဲ့
ဦးခေါင်းက ဟောင်းလောင်းပေါက်နဲ့
လေးလံသိပ်သည်းတဲ့ ၀ါကျတွေကတော့
တရားစွဲခံထားရတယ်။

ဝါကျတွေ ဆွေးနွေးငြင်းခုန်နေတုန်း
ဝင်ရောက်စီးနင်းခံလိုက်ရတယ်
အဲဒီထဲက တချို့ဝါကျတွေလည်း ထောင်တန်းကျကုန်တယ်
ဆွဲဆောင်မှုအရှိဆုံး ၀ါကျတစ်ကြောင်းကတော့
ကြိုးစင်ပေါ်တက်သွားရတယ်…

သူ့နာမည်က " အမှန်တရားကို ချစ်ပါ '' တဲ့…။

မိုးလှိုင်ည

3 comments:

  1. နှစ်ခြိုက်စွာခံစားဖတ်ရှုသွားပါတယ် ...

    ReplyDelete
  2. ကဗျာလေး ခေါင်းစဉ်တပ်မထားဘူး ဒါပေမယ့် ပြောချင်တာကို သိသွားရတယ်။ မိုးလှိုင်ညရေ နှစ်နှစ်သက်သက်ကို ဖတ်သွားပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  3. အကိုရေ....... အရမ်းကို ကြိုက်ပါတယ်။
    အခေါက်ခေါက်အခါခါ ဖတ်သွားတယ်။
    ကြိုးစင်ပေါ်တက်သွားရတဲ့ ၀ါကျလေးအတွက် စိတ်မကောင်းဖြစ်ပေမယ့် ဂုဏ်ယူပါတယ်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...