၁၉၈၀ ခုနှစ်အကျပ်အတည်းတွေ
ကျွန်တော်မသိဘူး.. အဖေ
ကျွန်တော်လူမမည်ပဲရှိသေးတာ…
၉၀ လွန်ကာလတွေမှာ မိသားစုအတွက်
အဖေ ပင်လယ်ထဲသွားမယ်ဆိုတော့
အထင်တကြီးမျက်ဝန်းတွေနဲ့
ဆွေမျိုးသားချင်းတွေ အလယ်မှာအဖေက
သူရဲကောင်းပဲ…
အဖေ ကျွန်တော့်လက်ကိုဆွဲပြီး
အမေ့အပေါ်မဆိုးဖို့မှာတယ်…
အဲဒီစကားကို ကျွန်တော်အခုထိမှတ်ထားတယ်အဖေ…။
အဖေပင်လယ်ထဲက ပြန်လာတော့
အပေါင်းအသင်းတွေနဲ့ မလေးရှားသွားဖို့
အဖေထပ်စီစဉ်လာတယ်…
မိသားစုအတွက် လက်ဆောင်တွေတစ်ပွေ့တစ်ပိုက်နဲ့
အဖေ့အသွေးအရောင်ဟာ ကျွန်တော်တို့နဲ့ မတူတော့တာ
မြင်နေရတယ်အဖေ…။
“ကလေးတွေအဖေက မလေးရှားမှာလို့”
အမေနှစ်တွေ အများကြီး ပြောရတယ်..အဖေ
ကျွန်တော်တို့ ကျောင်းအပ်တဲ့နေရာမှာ အမေပြောတယ်
သူ့မိတ်ဆွေအပေါင်းအသင်းအသစ်တွေနဲ့တွေ့ရင်ပြောတယ်
ကျွန်တော်တို့ဖျားလို့ ဆရာဝန်သွားပြရင်ပြောတယ်
ကျွန်တော်ရန်ဖြစ်လို့ ရဲစခန်းမှာ
လိုက်ထုတ်ရတဲ့အခါလည်း အမေပြောတယ်…။
အဲဒီစကားပြောတိုင်း အမေ့မျက်နှာမှာ
ခံစားမှုတွေ တစ်မျိုးပြီးတစ်မျိုးပြောင်းသွားတယ်
နောက်ဆုံးတော့ အဲဒီစကားကို
အမေ အသက်မပါပဲပြောတတ်ခဲ့တယ်…။
အဖေကတော့ မလေးရှားမှာ ဆယ်နှစ်ကြာပြီ..။
အဖေ့ဆီက ဖုန်းက မလာတစ်ချက်လာတစ်ချက်
ကျွန်တော်ကတော့ စိတ်ပျက်လာပြီ
အမေကတော့
ဖုန်းအိမ်ကလာခေါ်မယ့်အသံကို
လဆန်းရက်တိုင်းနားစွင့်နေတုန်းပဲ…။
အဖေသိပါတယ်
အမေက တုံးတုံးအအ
ဆယ့်ခြောက်လကြာပြီးမှ အဖေဖုန်းဆက်တော့
ငါဆေးရုံတက်နေတယ်ဆိုတဲ့
စကားတစ်ခွန်းနဲ့ပြတ်ခဲ့တာပဲ…
ကျွန်တော်ကတော့ သတင်းရထားပြီးပြီ
အဖေနောက်အိမ်ထောင်ပြုလိုက်ပြီတဲ့…
အမေကတော့ ထုံးစံအတိုင်း
စိတ်ပူတတ်လိုက်တာ
ဘုရားစင်ရှေ့ နတ်စင်ရှေ့ ဘိုးတော်စင်ရှေ့
မျက်ရည်လေးစမ်းစမ်း
အသံလေးတိုးတိုးနဲ့….
ရန်ကုန်က မယားကြီးအတွက်
တစ်နှစ်ကိုငွေငါးသိန်းပေးရင်
အဖေတာဝန်တွေကျေနေပုံပဲ…
အဖေ အိမ်ပြန်လာချင်စိတ်အတွက်
အဖေငယ်ငယ်က ဆွဲထားတဲ့
ပန်းချီကားတွေကလည်း မဆွဲဆောင်နိုင်
မယားတောသူဆိုပြီး
အဖေယူခဲ့တဲ့ မိန်းမကိုလည်း သတိမရ…
ကွာလာလမ်ပူညတွေမှာ
အဖေလူလည်ကြီးလုံးလုံးဖြစ်နေတယ်တဲ့
အဖေ့သတင်းတွေကြားရတာမကောင်းဘူး..အဖေ..။
ဒီကြားထဲ ဖုန်းထဲမှာ
အဖေက အကြီးကောင်လိမ္မာလားလို့
မေးတုန်းဆိုပဲ…။
ကျွန်တော် မလိမ္မာဘူးအဖေ
ပြီးတော့ ဆိုးလည်းမဆိုးဘူး
ဆယ်တန်းလည်းမအောင်ဘူး
အခုလမ်းဘေးမှာ
သူငယ်ချင်းတွေနဲ့ ဂစ်တာတီးနေတယ်အဖေ…
ကျွန်တော်တို့ ပညာရေးအတွက်
အမေဆံပင်တွေဖြူခဲ့တာ အဖေသိလားအဖေ
အငယ်ကောင် မကျန်းမာတော့
အမေပိုအိုစာသွားရတာ
အဖေသိခဲ့ရဲ့လားအဖေ…
အခု
အဖေ့သမီးအလတ်မနဲ့
အငယ်ကောင်က ပညာတတ်တွေဖြစ်ပြီး
အမေ့ကိုပြန်ရှာကျွေးနေလို့
မိသားစု တည်တည်ငြိမ်ငြိမ်နေနိုင်တာအဖေ
ကျွန်တော်တို့ လူလားမမြောက်ခင်
အကျပ်အတည်းကို
အမေတစ်ယောက်တည်း ဘယ်လိုရင်ဆိုင်ခဲ့ရလည်း
သိလားအဖေ…
အမေ့ မိဘတွေပေးထားခဲ့တဲ့
မြေကွက်လည်း ခြမ်းရောင်းလိုက်ရတယ်..
ကျွန်တော်တို့အိမ်လေး ပိုကျဉ်းသွားလို့
အဖေတော့ နေတတ်မှာမဟုတ်တော့ဘူး
အဲဒီလိုအမေအမြဲပြောတယ်.. အဖေ..။
အဖေကတော့
အပေါင်းအသင်းတွေကြားငြီးချင်ငြီးမယ်
ရန်ကုန်က ပိုက်ဆံချည်းမှာနေတယ်လို့
အခု အဖေ့ကို
ကျွန်တော်မှာမယ်
အဖေပြန်လာပါ…
အဖေနဲ့ကျွန်တော်မျက်နှာချင်းမဆိုင်တာ
ဆယ့်ခြောက်နှစ်
အဖေနဲ့ကျွန်တော် စကားမပြောဖြစ်တာ
ခြောက်နှစ်…
အခုကျွန်တော်အသက်နှစ်ဆယ့်ခြောက်မှာ
အဖေနဲ့ကျွန်တော် တစ်ယောက်ကိုတစ်ယောက်
မှတ်မိဖို့ အဖေပြန်လာမှ ဖြစ်တော့မယ်…။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ငါ့ ဆံပင်တွေရှည်နေပြီ … ငါ့ အတွေးစတွေကလည်းရှည်ရှည်လျားလျား စာကိုတော့ ခပ်တိုတိုပဲ ငါရေးတတ်ချင်တော့တယ်… ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း ငါ ကေ...
-
နပိုလီယန်မဟုတ်ဘူး ကူဗလိုင်ခန်မဟုတ်ဘူး ဂျူးလိယက်ဆီဇာမဟုတ်ဘူး ဂျော့ဝါရှင်တန်မဟုတ်ဘူး မိုးလှိုင်ညဟုခေါ်ဆိုပါရန်.... ကျန်စစ်သားမဟုတ်ဘူး နရသီဟပတေ့မ...
ခံစားသွားတယ်..အစ်ကို
ReplyDeleteဆိုးသွမ်း
အဲဒါတကယ့်အဖြစ်အပျက်တွေပါ... ကဗျာကိုဖတ်ပြီး ခံစားရပါတယ်။
ReplyDeleteကဗျာအိတ်ထဲက ခံစားမှုတွေ သွန်ချထားတဲ့ အဲဒိ တကယ့်အဖြစ်အပျက်တွေကို ဖတ်သွားပါတယ် မိုးလှိုင်ညရေ။ ၆ နာရီဆိုပြန်လာပေးပါဆိုတဲ့ သိချင်းက နေ့တနေ့တာလေးလောက်တောင် အဖေက လိုအပ်နေခဲ့တာ....ခုတော့ တစ်ဆယ့်ခြောက်နှစ်စာ အဖေပြန်လာပေးပါ။ ။။။။ကျန်းမာပျော်ရွှင်ပါစေ
ReplyDeleteခင်တဲ့ maylay
ဖတ်ရတာ ရင်ဆို့မိတယ်။
ReplyDeleteဖတ်ရတာ မောသွားတယ်.. ဒီလိုအဖြစ်တွေ
ReplyDeleteအပြင်မှာ အများကြီးပဲ မိုးလှိုင်...
နိုင်ငံခြားရောက်သွားတဲ့မိန်းမက မြန်မာပြည်ကယောက်ျားကို ပစ်သွားတဲ့အဖြစ်မျိုးလဲ
ရှိသေးတယ်....
ကဗျာအတွက် ကျေးဇူးမိုးလှိုင်....
January 30, 2009
ReplyDeleteလွမ်းလို့ရေးထားတဲ့..ကဗျာ
အိမ်ခေါင်မိုးကို ဖျက်ချလိုက်သလိုမျိုး
ဧပြီမှာ....
သမီးတို့
လိမ့်နေအောင် အပူလောင်ခဲ့ကြ။
ဘယ်လိုဖြောင့်ချက်ကမှ
အမေ့ကို ပြန်မဆွတ်နိုင်တော့ဘူး...
အဖေ့သင်္ဘောက
အမေ့ဆိပ်ကမ်းကနေတရွေ့ရွေ့
ဆိပ်ကမ်းသစ်ကလေး အရှေ့မှာ
ကျောက်ချ ရပ်နားပစ်လိုက်တာ.........ခုထိ။
အမေ့ကောင်းကင်မှာ အလင်းတွေညို့ကျသွားပေမယ့်
အမေ့မာနတွေကတော့ ရဲရဲလင်းလင်း ၀င်းပ
ဘာ-မှ-မ-လို-ဘူး ဆိုတာ
အဖေ့အတွက်နောက်ဆုံးစကား....တဲ့။
အမေ့ပုခုံးသားတွေ ညွှတ်ကျသွားလောက်အောင်
ဘ၀တွေက သိပ်လေးလံခဲ့မှာ..
သမီးခမျာ ငယ်သေးတော့ မသိတတ်ခဲ့ဘူး။
အခု-
အဖေ မတ်တပ်စမ်းပေးခဲ့တဲ့ ခြေဖ၀ါးမှာ
သမီး မားမားရပ်လို့
အဖေ တွဲကူခဲ့တဲ့ လက်ချောင်းသေးသေးလေးတွေက
ကွန်ပြူတာ တဖျောင်းဖျောင်း ရိုက်နေပြီ။
အဖေ အစာခွံ့ခဲ့တဲ့ နှုတ်ခမ်းကလေးမှာ
နှုတ်ခမ်းနီ ဆိုးတတ်နေပေမယ့်
အဖေ ပေးခဲ့တဲ့ သင်ခန်းစာက
သမီးကို ခပ်မာမာ ပြဌာန်း ထားခဲ့တော့.............။
အဖေမေ့နေခဲ့တာလား...
အဖေ့ မှာ သားတွေ၊ သမီးတွေများနေနိုင်ပေမယ့်
သမီးမှာ အဖေတစ်ယောက်ပဲ ရှိတယ်ဆိုတာလေ...။
အဖေ့ အသစ်စက်စက် သားငယ်လေး အတွက်
သမီးကို ချော့မြှူခဲ့တဲ့ တေးချင်းတွေကအဆင်သင့်၊
သမီးကြိုက်တဲ့ ပုံပြင်တွေနဲ့လည်း..
အဖေ့သားလေး အိပ်တတ်ခဲ့ ရော ပေါ့..။
အဖေပျော်နေတယ် မဟုတ်လား..
သမီးတို့ အသည်းနှလုံးမှာတော့
ကျွဲပုခုံးကို... ထလို့။ ။
အိန္ဒြာ (၂၀၀၆ခုနှစ်၊မဟေသီမဂ္ဂဇင်း)
ကဗျာလေးကိုလာခံစားသွားပါတယ် ...
ReplyDeleteခံစားချက်တွေ...မြင်ရတယ်အကိုရေ....။
ReplyDeleteကိုမိုးလှိုင်ညရေ
ReplyDeleteသိပ်ကောင်းပါတယ်ဗျာ။ လက်ရာကောင်းတွေထဲက တစ်ပုဒ်ပေါ့။
မောင်ပွတ်
သိပ်ကောင်းတဲ့ကဗျာပဲ
ReplyDeleteခံစားချက်အစစ်တွေမို့လို့ထင်တယ်နော်
ကဗျာဆရာရင်ထဲကို
ဝင်ကြည့်သွားပါတယ်