Thursday, October 15, 2009

နေမ၀င်တဲ့ အိပ်မက်

ဘယ်တော့များလည်းကွယ်
အနောက်တောင်စွယ်တွေပေါ်မှာပဲ
ငါ့၏ အသက်ကို ကွတ်မျတ်၍
ချစ်ခြင်းမဲ့ ပိတ်လှောင်ခံရစေ…


နွေကျိန်စာများလည်း
နှလုံးသားကို တိုးတိတ်စေပါတော့
ဘယ်ဘက်ပုခုံးသားတွေက
မင်းမျက်ရည်တို့ဖြင့် စွတ်စိုခဲ့ပြီးတဲ့နောက်
တစ်ခုသောကျောက်ဖြစ်ရုပ်ကြွင်းတို့ဖြစ်သည့်တိုင်အောင်
ငါ့ လက်မောင်းသားတို့အား
ရပ်တန့်ထားပါသည်…။


ချစ်သော ဧကရီ
အိပ်မက်များနှင့် သွန်းလုပ်ထုပ်သိမ်းထားသော
ညများစွာ
ငါ့အပါးမှာ အထီးတည်းဖြတ်သန်းသွားကြ…
ဘယ်သို့သောတင်စားမှုမျိုးနှင့်များ
ချစ်ခြင်းမေတ္တာကို
တိုင်းထွာ၍ရနိုင်ကောင်းရဲ့…။
နှလုံးသွေးတို့သည်
မြစ်ရေကဲ့သို့စီးဆင်းရစ်ခဲ့ပါကုန်
နှစ်ကြိမ်တိုင်နစ်မြုတ်ခဲ့သော
မိုက်မဲမှုများနှင့်
ငါ့အားအထီးကျန်တိတ်ဆိတ်နေပါစေ..
ချစ်သောဧကရီ…
ဂန္တ၀င်မြောက်အလကာင်္တစ်ပိုဒ်နဲ့
ရှိုက်ဖိုလှိုက်သွင်းရင်း
ငါ့၏ နိဂုံးတို့သည်
နေမ၀င်သည့် အိပ်မက်များနဲ့
တည့်တံ့ခဲ့ပါသည်…။


မိုးလှိုင်ည

4 comments:

  1. အိပ်မက်များနှင့် သွန်းလုပ်ထုပ်သိမ်းထားသော
    ညများစွာ
    ငါ့အပါးမှာ အထီးတည်းဖြတ်သန်းသွားကြ…

    ဘာအကြောင်းရေးရေး
    ကဗျာဖြစ်နေပါရော့လား..........

    ကဗျာဆရာတွေထဲမှာ အကြိုက်ဆုံးကို ပြပါဆို
    မိုးလှိုင်ညကို ပြရမယ်... ဖတ်ပြီးနားလည်သလို
    ခံစားချက်ခြင်းလည်း တူလို့..... ကျေးဇူးးးးး)

    ReplyDelete
  2. ဟင်...
    ကဗျာလေး ကောင်းချက် ကယ်။

    ReplyDelete
  3. ဒီကဗျာ
    ရေးတဲ့ကဗျာဆရာကိုတော့
    ဒီကတခါ ကျေးဇူး အထူးတင်တယ်ဗျို.

    ReplyDelete
  4. ဂန္တ၀င်မြောက်အလကာင်္တစ်ပိုဒ်နဲ့
    ရှိုက်ဖိုလှိုက်သွင်းရင်း
    ငါ့၏ နိဂုံးတို့သည်
    နေမ၀င်သည့် အိပ်မက်များနဲ့
    တည့်တံ့ခဲ့ပါသည်…။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...