Friday, October 9, 2009

နွေလမ်းကလေး

အစိမ်းလိုက်ကြွေတဲ့ သစ်ရွက်တွေနဲ့
ခြောက်သွေ့ရှတ
ဝေးလွန်းတဲ့ ဘ၀အဓိပါယ်ထဲမှာ
ဆွေးရိပ်တွေသာ အထပ်ထပ်မိုးတယ်
နွေလမ်းကလေးရေ
ငါ့ကိုယ် အဝေးကနေ ညှို့ယူလိုက်စမ်းပါ...
သစ်ရွက်ကြွေတွေနဲ့ရှပ်တိုက်ပြေးနေတဲ့
လမ်းကလေးပေါ်က လေပွေလို့
ငါ့ရင်ဘတ်ကို တုန်ရီလှိုက်မော
လမ်းကလေးရေ
အဆွေးမြေ့ဆုံးတိမ်တွေကိုသာ
တိုင်တည်ရိုကျိုးပြောမိခဲ့ချင်တယ်...
နွေလမ်းကလေးပေါ်မှာ
ငါ့နှလုံးသားပျောက်ရှခဲ့တဲ့နေ့တွေအကြောင်း....။



မိုးလှိုင်ည



5 comments:

  1. အစိမ်းလိုက်ကြွေနေတဲ့ နွေလမ်းကလေးကို ရှပ်တိုက်ပြေးလေး လာလွမ်းသွားတယ်နော် ပျောက်ရှခဲ့တဲ့ နှလုံးသားလေးကို ပြန်ကောက်ရပါစေ

    ReplyDelete
  2. လွမ်းစရာ့ နွေလမ်းကလေးရေ.....

    ReplyDelete
  3. ကောင်းလိုက်တဲ့ကဗျာ။

    ReplyDelete
  4. လမ်းကလေးရေ
    အဆွေးမြေ့ဆုံးတိမ်တွေကိုသာ
    တိုင်တည်ရိုကျိုးပြောမိခဲ့ချင်တယ်...
    နွေလမ်းကလေးပေါ်မှာ
    ငါ့နှလုံးသားပျောက်ရှခဲ့တဲ့နေ့တွေအကြောင်း....။

    လှလိုက်တဲ့...စာသားလေးတွေ...ရင်ကိုတကယ်ထိမှန်ပါတယ်ဗျာ...။

    ReplyDelete
  5. နွေလမ်းကလေးပေါ်မှာ
    ငါ့နှလုံးသားပျောက်ရှခဲ့တဲ့နေ့တွေအကြောင်း....

    ငါလည်းအဲ့လိုလမ်းပေါ်မှာ နှလုံးသားပျောက်နေခဲ့တဲ့အတွက်
    ထပ်တူကျတဲ့ခံစားချက်နဲ့လာခံစားသွားပါတယ်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...