Sunday, February 15, 2009

သံသရာ

မိန်းမတစ်ယောက်ကိုချစ်ရေးဆိုရတာ

အန္တရာယ်သိပ်များလွန်းတယ်

အဲဒီလိုနဲ့

ငါဟာ

ပြစ်မှုကျူးလွန်သူ

သေဒဏ်ကျအကျဉ်းသား

အသည်းကွဲနေတဲ့ကဗျာဆရာအရူး

ကိုယ်နဖူးကိုယ်သိုက်ပြန်တူးတဲ့ငွေမုဆိုး

အတွေးအခေါ်ပညာရှင်

ရှင်ဘုရင်ဖြစ်ချင်တဲ့ ခပ်ညံ့ညံ့ငနဲတစ်ကောင်

ကျေးဇူးမသိတတ်တဲ့ သူဖုန်းစား

မယုံနိုင်လောက်အောင်

ဘ၀မျိုးစုံကျင်လည်ဖူးခဲ့တယ်

သံသရာတဲ့…။

မိုးလှိုင်ည

4 comments:

  1. အဲဒါ လူဖြစ်ရတဲ့ဒုက္ခတွေပဲပေါ့ ကိုမိုးလှိုင်ရယ်..

    ReplyDelete
  2. ကဗျာလာဖတ်ပါတယ်ဗျာ :)
    (ဆက်လည်ရဦးမှာပေါ့ )

    ReplyDelete
  3. ဟုတ်တယ်... အဲဒါ သံသရာပဲဗျာ...

    ReplyDelete
  4. မိန်းမ....မိန်းမ

    ဒီလိုပါပဲ ဦးမိုးလှိုင်ရေ....

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...