Sunday, February 15, 2009

လေကပွင့်တဲ့ ပန်း

ဘယ်သူတွေလဲ
တိုးလျှိုပေါက်ခန္ဓာကိုယ်နဲ့
တီးလုံးမဲ့ ကခုန်နေတာ။

ဘယ်သူတွေလဲ
သက်တန့်ရောင် အရေပြားနဲ့
အတောင်ပံမရှိပဲ ပျံဝဲနေတာ။

ဘယ်သူတွေလဲ
မှန်နဲ့လုပ်ထားတဲ့ ကမ္ဘာနဲ့
သဘာဝတရားကို ဖျားယောင်းနေတာ။

အဲဒါ
ဆပ်ပြာပူဖောင်းတွေပေါ့
သူတို့နာရီက မြန်တယ်
သူတို့အိပ်မက်က မြန်တယ်
သူတို့အသက်ရှူသံက မြန်တယ်

ဆပ်ပြာပူဖောင်းဆိုတာ
လေကပွင့်တဲ့ ပန်းဖြစ်တယ်။

သစ္စာနီ

Anonymous said... ကျွန်တော်က ဆရာသစ္စာနီရဲ့ ပရိတ်သတ်တစ်ယောက်ပါ.. အစ်ကိုရေ.. ဒီကဗျာလေးကိုတော့ အခုမှ ဖတ်ဖူးတယ်. ပြန်ရှယ်ပေးတာ ကျေးဇူးအများကြီးတင်တယ်ဗျာ..း)

ဒါနဲ့ ကျွန်တော့်ကို ခေါင်းစဉ်လေးတစ်ချက်လောက် ပြန်check ပေးနိုင်မလား မသိဘူး.. ကျွန်တော့်ဆီမှာ အမည်မဲ့-၁ နာမည်နဲ့ ဆရာ့ကဗျာတစ်ပုဒ်က ဒဂုန်မဂ္ဂဇင်းမှာ ၁၉၈၆က ပါဖူးတဲ့ တစ်ပုဒ်ဖြစ်နေလို့.. နာမည်တူနေတာလည်း ဖြစ်ကောင်းဖြစ်မှာပါ.. စာသားလေးကတော့ အထက်ပါအတိုင်းပါ..

မိုးလှိုင်ည-ကျွန်တော်ဒီကဗျာကို ကဗျာစာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးပါတယ်
သူ့ခေါင်းစဉ်က လေကပွင်တဲ့ပန်းလို့ မှတ်မိနေတာ ကျွန်တော်သေချာအောင်
ဆရာသစ္စာနီကိုမေးကြည့်ပေးပါ့မယ်ခင်ဗျာ ခင်မင်လေးစားစွာဖြင့်

2 comments:

  1. the title is NAMELESS (1)!
    in the book called Mi Mi A Yay Pyar Hma Lam Shout Htwak Khin, this poem is on the page 9!

    anyway, you can read the whole book at LANOLAY, if yoiu love Thit Sar Ni!

    ReplyDelete
  2. ဟုတ်ကဲ့ အစ်ကိုရေ.. ကျွန်တော်လည်း လမ်းအိုလေးကပဲတွေ့ထားတယ်ဗျ.. မဂ္ဂဇင်းPageကို တိုက်ရိုက် scan ဖတ်ထားတာလို့ ယူဆတဲ့အတွက်ကြောင့် ခေါင်းစဉ်ကတော့ ဖြစ်ဖို့များမယ်ထင်တယ်.. ဘာပဲဖြစ်ဖြစ် အခုလို အရေးတယူ စုံစမ်းပေးတာကို ကျေးဇူးတင်ပါတယ် ခင်မျာ..း)

    လေးစားလျက်
    eduking

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...