အရာရာဟာ တိတ်တဆိတ်ကြေကွဲနေတယ်
မနက်ဖြန်မှာ စစ်ပြင်သံတွေအစုံအလင်နဲ့
ဘ၀ဆိုတာ ကကြိုးဆင်မောင်းနေတဲ့
မြင်းရထားဟောင်းကြီးတစ်စင်းမဟုတ်ပါ…
အိပ်ရေးပျက်ခဲတဲ့မျက်ဝန်းတစ်စုံနဲ့တော့
အနာဂါတ်ကိုရှာဖွေမတွေ့ရှိလိုဘူး…
ခပ်ဝေးဝေးကတိမ်တွေလို
ငါ့အိပ်မက်တွေက ဖြူဖတ်ဖြူရော်နဲ့
ဖန်ကြိုးမျှင်ထဲက မြန်နှုန်းမြင့်စီးဆင်းလာတဲ့
ချစ်ခြင်းမေတ္တာ
ငါ့မော်နီတာဖန်သားပြင်ပေါ်မှာ
အေးစက်စက်လာပေါ်တယ်…
သေချာတဲ့စကားက
မစခင်ကတည်းကမှားခဲ့ကြတယ်…
လေပြည်ထဲပါးလျသွားရတဲ့ ရနံ့တချို့လိုပဲ
ရိုးရိုးသားသားချစ်ခဲ့တယ်ဆိုတဲ့အရသာကို
အနံ့ခံလို့တောင်မရတော့ဘူး…။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ဗမာ့သမိုင်း မတင်နိုင်ခင်ကတည်းက ရွှေတိဂုံဘုရားကြီး မားမားရပ်ခဲ့တဲ့မြို့ ရှင်မွေးနွန်းနဲ့ မင်းနန္ဒာ ဒဏ္ဍာရီလာ ဥက္ကလာပတိုင်းနဲ့ ငမိုးရိပ်ချောင...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သေခြင်းရှင်ခြင်းရဲ့၀င်ထွက်ရာတံခါး နာကြင်မှုနဲ့ ကြင်နာမှုကြား ဆေးဝါးနဲ့ကုထုံးက အတိတ်နဲ့အနာဂါတ်ကိုဆက်စပ်ပေးတယ် ရုပ်နဲ့အရိပ် ကွဲထွက်သွားသူတွေ အ...
မစခင်ကတည်းကမှားခဲ့ကြတယ် ။ ရိုးရိုးသားသားချစ်ခဲ့တယ်ဆိုတဲ့အရသာ အနံ့ ခံလို့ တောင် မရတော့ဘူး ။ လှတယ်ဗျာ အဲဒီစာသားလေးတွေ ။ ကြိုက်တယ် ။
ReplyDeleteဘ၀ဆိုတာ ကကြိုးဆင်မောင်းနေတဲ့
ReplyDeleteမြင်းရထားဟောင်းကြီးတစ်စင်းမဟုတ်ပါ…
ဟုတ်တယ် အကို... မဟုတ်ဘူး... :):D
ကဗျာလာဖတ်ပါတယ်ဗျာ :)
ReplyDeleteကဗျာကောင်းတွေဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါ...
ReplyDelete