ၿဖစ္ရပုံမ်ား
အိပ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်ကမတော်
ကောင်းကင်က ခေါင်းနဲ့မလွတ်။
ဖြစ်ရပုံများ
ကိုယ့်လက်ဖက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက်မလိုင်ကုန်သွားရ။
ဖြစ်ရပုံများ
လက်မှတ်ဝယ်ပြီးသား၊ ရထားက
တစ်စီးလုံး ပျောက်သွားတယ်တဲ့။
ကဲ ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့နာရီမှာ
ဓာတ်ခဲကုန်ဖို့ပဲ လိုတော့တယ်။
သစ္စာနီ
စတိုင်သစ်မဂ္ဂဇင်း၊ ဇူလိုင်လ၊ ၂၀၀၃။
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ဗမာ့သမိုင်း မတင်နိုင်ခင်ကတည်းက ရွှေတိဂုံဘုရားကြီး မားမားရပ်ခဲ့တဲ့မြို့ ရှင်မွေးနွန်းနဲ့ မင်းနန္ဒာ ဒဏ္ဍာရီလာ ဥက္ကလာပတိုင်းနဲ့ ငမိုးရိပ်ချောင...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သေခြင်းရှင်ခြင်းရဲ့၀င်ထွက်ရာတံခါး နာကြင်မှုနဲ့ ကြင်နာမှုကြား ဆေးဝါးနဲ့ကုထုံးက အတိတ်နဲ့အနာဂါတ်ကိုဆက်စပ်ပေးတယ် ရုပ်နဲ့အရိပ် ကွဲထွက်သွားသူတွေ အ...
ကျွန်တော်က ဆရာသစ္စာနီရဲ့ ပရိတ်သတ်တစ်ယောက်ပါ.. အစ်ကိုရေ.. ဒီကဗျာလေးကိုတော့ အခုမှ ဖတ်ဖူးတယ်. ပြန်ရှယ်ပေးတာ ကျေးဇူးအများကြီးတင်တယ်ဗျာ..း)
ReplyDeleteဒါနဲ့ ကျွန်တော့်ကို ခေါင်းစဉ်လေးတစ်ချက်လောက် ပြန်check ပေးနိုင်မလား မသိဘူး.. ကျွန်တော့်ဆီမှာ အမည်မဲ့-၁ နာမည်နဲ့ ဆရာ့ကဗျာတစ်ပုဒ်က ဒဂုန်မဂ္ဂဇင်းမှာ ၁၉၈၆က ပါဖူးတဲ့ တစ်ပုဒ်ဖြစ်နေလို့.. နာမည်တူနေတာလည်း ဖြစ်ကောင်းဖြစ်မှာပါ.. စာသားလေးကတော့ အောက်ပါအတိုင်းပါ..
ဘယ်သူတွေလဲ
တိုးလျှိုပေါက်ခန္ဓာကိုယ်နဲ့
တီးလုံးမဲ့ ကခုန်နေတာ။
ဘယ်သူတွေလဲ
သက်တန့်ရောင် အရေပြားနဲ့
အတောင်ပံမရှိပဲ ပျံဝဲနေတာ။
ဘယ်သူတွေလဲ
မှန်နဲ့လုပ်ထားတဲ့ ကမ္ဘာနဲ့
သဘာဝတရားကို ဖျားယောင်းနေတာ။
အဲဒါ
ဆပ်ပြာပူဖောင်းတွေပေါ့
သူတို့နာရီက မြန်တယ်
သူတို့အိပ်မက်က မြန်တယ်
သူတို့အသက်ရှူသံက မြန်တယ်
ဆပ်ပြာဖူဖောင်းဆိုတာ
လေကပွင့်တဲ့ ပန်းဖြစ်တယ်။
သစ္စာနီ
လေးစားလျက်
eduking
အရမ်းကို ကြိုက်တယ်
ReplyDelete