Thursday, February 12, 2009

ဖေဖော်ဝါရီ ၁၂

တချို့က မင်္ဂလာဆောင်နေကြတယ်

တချို့က ဧည့်ခံပွဲတွေတက်နေကြတယ်

တချို့က အရက်သောက်ဖို့

တချို့က ရည်စားနဲ့လျှောက်လည်ဖို့

မော်တော်ကား တချို့မှာအလံတော်တွေချိတ်ဆွဲဖို့

အိမ် တချို့မှာအလံတော်တွေလွှင့်ထူဖို့

အစိုးရရုံးတွေရဲ့ အားလပ်ရက်တစ်ရက်

ပြင်ပလုပ်သားတချို့အတွက် အချိန်ပိုလုပ်ခကြေးတစ်ဝက်

အခမ်းအနားလုပ်ဖို့အတွက် ဘယ်သူမှခွင့်ပြုချက်မရဘူး

မလုပ်ဖို့ကိုလည်း ဘယ်သူမှမတားမြစ်ဘူး

ပြည်ထောင်စုနဲ့မဆိုင်တော့တဲ့ နေ့တစ်နေ့

တိုင်းရင်းသားတွေနဲ့ မဆိုင်တော့တဲ့နေ့တစ်နေ့

နိုင်ငံသားတွေနဲ့လည်း မသက်ဆိုင်တော့တဲ့

ဖာသိဖာသာ အားလပ်ရက်တစ်ရက်

ပြည်ထောင်စုနေ့တဲ့

ပင်လုံကြေငြာချက်နဲ့လွတ်လပ်ခဲ့တယ်

ဖက်ဒရယ်ဆိုတဲ့စကားလုံးကြောင့်

လွတ်လပ်ရေးဆုံးရှုံးတယ်...

ဖေဖော်ဝါရီ ၁၂ တဲ့

ဖာသိဖာသာအားလပ်ရက်အဖြစ်သာကျန်ခဲ့ရပေါ့...။

မိုးလှိုင်ည

3 comments:

  1. ဖေဖော်ဝါရီ ၁၂၊ ၁၃ ထက် ၁၄ ရက်နေ့ကို ကြိုပြီးရင်ခုန်နေကြတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ ပြည်ထောင်စုနေ့ဟာ ဖာသိဖာသာ အားလပ်ရက်တစ်ရက် ဖြစ်သွားရတာ မဆန်းဘူးလို့ ပြောရတော့မှာပဲ ကိုမိုးလှိုင်ရေ.. ဒါဟာ ပုံသွင်းခံလိုက်ရတဲ့ စိတ်ဓါတ်တွေကြောင့်လား.. အမှန်တရားကို ဖုံးလွှမ်းခံထားရတဲ့ ကြောက်ရွံခြင်းတွေကြောင့်လား.. ဘာပဲဖြစ်ဖြစ် မမေ့နိုင်သူတွေရဲ့ ရင်ထဲမှာတော့ ဖေဖော်ဝါရီရဲ့ သမိုင်းဝင်ရက်စွဲတွေက အမြဲရှင်သန်အသက်ဝင်နေမှာပါ။

    ReplyDelete
  2. ကဗျာ လာဖတ်ပါတယ်ဗျာ :)
    (သက်ပြင်းကြီးကြီး ချသွားတယ် )

    ReplyDelete
  3. အတွေးတွေ ပွါးသွားတယ်ညီရာ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...