ကော်ဖီရောင် ညနေခင်းထဲ …
ပိုလျှံနေသော ၀ါကျများကို
သည်းသည်းမည်းမည်း ဖတ်ရှုလို့
ကမ္ဘာပြားပြီဆိုတဲ့အကြောင်းကို
ပို့စ်မော်ဒန်ကဖေးမှာ အတွေးကောင်းနေတယ်
လမ်းပေါ်က
ကလေးငယ်တွေနဲ့ စမူဆာတစ်ယောက်တစ်ခု
မျှစားတယ် …
မှိုတက်နေတဲ့ ချောကလက်တွေထက်
ပိုချိုမြိန်လို့ …
ငါ့ကိုမုန်းတဲ့မြို့ကို
ငါက အသေအချာချစ်ခဲ့တယ် …
ပြီးတော့ … မင်း
ကလေးတစ်ယောက်လက်ထဲက
လွတ်ထွက်သွား မိုးပျံပူဖောင်းလေးကို
ငေးသလို
ဖေဖော်ဝါရီဆယ့်လေး
ငါ့ဆီကထွက်ပြေးသွားတဲ့ချစ်ခြင်းကို ငေးလို့ … ။
မိုးလှိုင်ည
ဖေဖော်ဝါရီဆယ့်လေး
ReplyDeleteငါ့ဆီကထွက်ပြေးသွားတဲ့ချစ်ခြင်းကို ငေးလို့ … ။
လှတယ် စာသားလေးက ။ ကဗျာချည်းပဲ ဖတ်မယ်ဆိုရင်တော့ ကောင်းတယ်ဗျ ။ ဖြစ်ရပ်မှန်ကြီး ဆိုရင်တော့ စိတ်မကောင်းစရာပဲ ။း(
ကဗျာ လာဖတ်ပါတယ်ဗျာ
ReplyDeleteကျွန်တော်တို့ ညနေခင်းတွေ တူနေကြပြီထင်တယ်ဗျ :)
ဖေဖော်ဝါရီဆယ့်လေး
ReplyDeleteငါ့ဆီကထွက်ပြေးသွားတဲ့ချစ်ခြင်းကို ငေးလို့ …
ဟုတ်တယ်.. ငေးမောနေရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူး… ကော်ဖီရောင် ညနေခင်းတွေတိုင်းလဲ လွှတ်ပေးလိုက်တဲ့ မိုးပျံပူဖောင်းလေးကို ငေးနေရဦးမှာ…။
ကိုမိုးလှိုင်ရဲ့ ကဗျာလေးက ဆုဝေရဲ့ ခံစားချက်တွေနဲ့ တထပ်တည်းဖြစ်နေတယ်။