Tuesday, February 17, 2009

အမည်မဲ့ ကဗျာများနဲ့ပက်သက်၍

အမည်မဲ့ ကဗျာများနဲ့ပက်သက်၍


မိုးလှိုင်ည - ဆရာကဗျာတချို့မှာအမည်မဲ့ကဗျာဆိုပြီးအမှတ်စဉ်ထိုးပြီးရေးတာတွေ့ရပါတယ်
အဲဒီမှာ ကဗျာနှစ်ပုဒ်က အမည်မဲ့(၁)ဆိုပြီးတိုက်ဆိုင်နေသလားလို့
၁၉၈၆ ခုနှစ်ထုတ် ဒဂုန်မဂ္ဂဇင်းမှာပါတဲ့ကဗျာနဲ့ ဆရာမောင်ပြည့်မင်း၊ ဆရာမောင်ချောနွယ် နဲ့
ဆရာတို့သုံးဦးပေါင်းရေးတဲ့ ၂၁ အယ်လဘမ်ဆိုတဲ့ ကဗျာစာအုပ်ထဲမှာပါတဲ့ကဗျာ
အမည်မဲ့ (၁) ဆိုပြီးတူနေပါတယ်ဆရာ...။။

သစ္စာနီ-
အမည်မဲ့ကဗျာတွေဖြစ်လာတာက တချို့ကဗျာတွေအနေနဲ့ အနုပညာအရ ခေါင်းစဉ်တပ်စရာ
မလိုလို့ပါ....။ ဒါပေမယ့် အမည်မဲ့ကဗျာတွေများလာတော့ ကွဲပြားအောင်အမှတ်စဉ်ထိုးပေးရပါတယ်...။
၂၁ အယ်ဘမ်ထုတ်တဲ့အခါ အမည်မဲ့ကဗျာတွေကို အမှတ်စဉ် လေး၊ငါး၊ခြောက်ကနေစပေးရင်
အဆင်မပြေတဲ့အတွက် အမှတ်စဉ် ၁၊ ၂၊ ၃၊ကနေထပ်ပေးလိုက်တာပါ...အဲတာကြောင့် အမည်မဲ့(၁)က
နှစ်ပုဒ်ထပ်သွားရပါတယ်.. ကျွန်တော်အနေနဲ့ကတော့ တချို့ကဗျာတွေမှာ ခေါင်းစဉ်တပ်ဖို့ မလိုအပ်ရင်
မတပ်ပေးနေလိုက်ပါတယ်...အဲဒီလောက်ပါပဲ...။

၁၇၊ ဖေဖော်ဝါရီ ၊ ၂၀၀၉ တွင်ဆရာသစ္စာနီနှင့် ဆွေးနွေးထားခြင်းဖြစ်ပါသည်...။


ခင်မင်လေးစားစွာဖြင့်
မိုးလှိုင်ည

3 comments:

  1. ဆရာသစ္စာနီနဲ့ အင်တာဗျူးလေး ဖတ်သွားတယ်ညီ။

    ReplyDelete
  2. ကိုယ်လေးစားတဲ့ ဆရာသမားတွေနဲ့ အင်တာဗျူးခွင့်ရတာ စကားပြောခွင့်ရတာ ဂုဏ်ယူစရာပါပဲ။း-) အားကျတယ်။

    ReplyDelete
  3. အခုလို ရှင်းရှင်းလင်းလင်း သိရတဲ့အတွက် ကျေးဇူးပါ ကိုမိုးလှိုင်ညရေ

    လေးစားလျက်
    edu

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...