Tuesday, January 27, 2009

ဂဏန်းငြိမ်ပြီ စိတ်ငြိမ်ငြိမ်ထားလို့မရ…

ခြောက်နာရီနောက်ဆုံးထားပေါ့

အုံနာကြေးက ရှာမရသေးဘူး

တစ်နေ့ တစ်နေ့

နှစ်နေ့ပေါင်းတောင်

ငွေတစ်သောင်းမရဘူး…

နေ့ပြန်ကြေးလည်း ရက်ဆွဲမေးနေပြီ

ငွေရေးကြေးရေးလား

အောက်မေးခိုင်နေတာကြာပြီ..

ဂဏန်းငြိမ်ပြီတဲ့

စိတ်ငြိမ်ငြိမ်ထားလို့မရ…

ပွဲမရှုံးဘူး ပြားပဲရှုံးတာ…

မူးစေ့ပဲစေ့ကအစ မူးလို့ရှုစရာမရဘူး

ငါတို့လူမျိုးက အကြွေမသုံးဖူး

ထောင်တန်တွေအထပ်လိုက်

ညာဘက်လက်ဖ၀ါးကဖြန့်လိုက်ရင်

ညာဘက်လက်ဖ၀ါးပေါ်ကအငွေ့ပျံသွားမယ်

ဘယ်ဘက်ကဖြန့်ရင် ဘယ်ဘက်ပေါ်

စိတ်ငြိမ်ငြိမ်ထား အတိုးသတ်စရာမလိုသေးဘူး

သွေးတက်နေလိုက်…

စိတ်ပျက်လိုသတ်မသေကြေး

လူမိုက်တွေကျိတ်ပျော်နေလိမ့်မယ်

စိတ်ကို အရူးထောင်ပို့

ခန္ဒာကိုယ်ကို တရားထိုင်ခိုင်း…

ထိုင်းထိုင်းမှိုင်မှိုင်းဆိုရင်လည်း

ဆင်ခြေပေးစရာ မိရိုးဖလာဆိုတာရှိတယ်…

ဘာဖြစ်လည်း ခေတ်ကြီးကညံ့တဲ့အခါ

ကိုယ့်ကိုယ်ကို သိပ်တော်ပြလို့မရဘူး….။


မိုးလှိုင်ည

2 comments:

  1. ငြိမ်ငြိမ်ထားလို့ မရရင် အဲဒီစိတ်ကို ကြိုးနဲ့သာ ချည်ထားလိုက်.. အဲဒါမှ မငြိမ်သေးရင် နှစ်ချို့ကော်ဖီထဲမှာ အိပ်ဆေးထည့်တိုက်လိုက်မယ်။

    ဟုတ်ပ..ခေတ်ကြီးက ညံ့နေလို့ တော်အောင် မနေတာ.. နို့မို့သာဆို ဒီလို ဘယ်နေလိမ့်မလဲ :P

    ReplyDelete
  2. ကဗျာလေး မိုက်တယ်။ အဆုံးသတ်နှစ်ကြောင်းအကြိုက်ဆုံးပဲ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...