Monday, January 12, 2009
အနေအထိုင်မတတ်တဲ့ အချစ်
အစိမ်းရောင်မြစ်တစ်စင်းလို
ငါကလည်း မင်းရင်ခွင်မှာ
ရစ်ခွေပြီးစီဆင်းချင်ခဲ့တယ်
အခုဖြစ်နေတာက
အသားသေနဲ့မြေရိုးတမံလို
ငါကမာကျောခက်ထန်နေသလား
နေပြောက်တွေမညှာမတာထိုးတယ်
ကောက်ရိုးတစ်ထုံးလိုတောင်
ဝုန်းခနဲ
ထတောက်လို့မရတဲ့ငါက..
မင်းအိပ်မက်ဆီမှာတော့
ကြယ်တံခွန်ဖြစ်ချင်မိသေးတယ်…
မင်းဘ၀လမ်းမကြီးတွေဘေးမှာ
လှမ်းငေးဖို့တောင်သတိမရနိုင်တဲ့
လမ်းသွယ်လေးလိုငါ ကျုံ့ရုံ့နေခဲ့
အဖြူထည်သက်သက်ကောင်လေးလေ
အနေအထိုင်မတတ်ပဲ ချစ်မိခဲ့တယ်။
မိုးလှိုင်ည
4 comments:
  1. အနေအထိုင်မတက် ချစ်ခဲ့တာ
    ဟုတ်တယ်...ဒါဟာ အနေအထိုင်မတက် ချစ်ခဲ့တာ။
    ဆိုးသွမ်း
    ReplyDelete
  2. ကောက်ရိုးတစ်ထုံးလိုတောင်
    ထတောက်လို့မရတဲ့ငါက..
    မင်းအိပ်မက်ဆီမှာတော့
    ကြယ်တံခွန်ဖြစ်ချင်မိသေးတယ်…
    သေချာတာပေါ့ အကိုမိုးလှိုင်ရာ
    ReplyDelete
  3. ခေါင်းစဉ်ကိုက ဆွဲဆောင်အားကောင်းခဲ့ပါတယ်။ ကဗျာတိုင်းကို မခံစားတတ်ပေမယ့် ကဗျာကောင်းလေးတွေ ဖတ်ခွင့်ရတဲ့အတွက် လာဖတ်ရကျိုးနပ်တယ်။ အချစ်၊ အလွမ်း၊ အကြမ်းအရမ်း ကဗျာနဲ့ ထိတွေ့စမ်းသပ်နိုင်ပါစေဗျာ။
    ReplyDelete
  4. က ဗျာ တွေ ကိုြ ကိုက် တယ်
    အား ပေး နေ ပါ တယ်
    ReplyDelete
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...