တစ်ရာသီလုံး
ဒဏ်ရာရနေတဲ့ကစားသမားလို့
ကိုယ့်ကိုယ်ကိုစိတ်ပျက်လက်ပျက်
မပျော်ရွှင်ခဲ့ရတဲ့နေစွဲတွေ
ဘယ်လောက်တောင်များနေပြီလည်း
ရင်ဘတ်ဟောင်းလောင်းနဲ့
ငါ့ကိုလာထိစပ်တဲ့
ဖေဖော်ဝါရီမှာလည်း
ငါဟာ
လမ်းကွေ့လေးကိုငေးနေတုန်း
သေချာတယ်
မင်းကိုအရှုံးပေးပြီးတဲ့နောက်
ငါ လောကကြီးတစ်ခုလုံးကိုရှုံးတယ်
ရာစုနှစ်တွေကိုရှုံးတယ်
နာရီလက်တံတွေကိုရှုံးတယ်
ငါ့ခေါင်းပေါ်ပိနေတဲ့
ဆီးနှင်းတွေကိုလွှဲဖယ်ရင်း
ဒီဖေဖော်ဝါရီမှာလည်း
ငါ့ ဘ၀ကိုလှမ်းမြင်နိုင်တဲ့
ပွဲကြည့်စင်ပေါ်မှာ မင်းမရှိဘူး...။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ဗမာ့သမိုင်း မတင်နိုင်ခင်ကတည်းက ရွှေတိဂုံဘုရားကြီး မားမားရပ်ခဲ့တဲ့မြို့ ရှင်မွေးနွန်းနဲ့ မင်းနန္ဒာ ဒဏ္ဍာရီလာ ဥက္ကလာပတိုင်းနဲ့ ငမိုးရိပ်ချောင...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သေခြင်းရှင်ခြင်းရဲ့၀င်ထွက်ရာတံခါး နာကြင်မှုနဲ့ ကြင်နာမှုကြား ဆေးဝါးနဲ့ကုထုံးက အတိတ်နဲ့အနာဂါတ်ကိုဆက်စပ်ပေးတယ် ရုပ်နဲ့အရိပ် ကွဲထွက်သွားသူတွေ အ...
မင်းကိုအရှုံးပေးပြီးတဲ့နောက်
ReplyDeleteငါ လောကကြီးတစ်ခုလုံးကိုရှုံးတယ်
ရင်ထဲထိရောက်လာတဲ့ ဖေဖော်ဝါရီကဗျာလေးပါပဲ။ ခံစားမိလို့ မန့်ခဲ့တယ်ဗျာ။
ကိုမိုးလှိုင်ရေ
ReplyDeleteဖေဖော်ဝါရီ စီးရီးတွေနဲ့ အမြဲဖမ်းစားတယ်ဗျာ
This comment has been removed by the author.
ReplyDeleteကဗျာကောင်းတစ်ပုဒ်ပါ..
ReplyDeleteခံစားမိပါတယ်..
မိုးကြယ်
ဖေဖော်ဝါရီ အတွက်ဆို
ReplyDeleteကဗျာတွေက ပိုကောင်းနေသလိုပါပဲ ဦးမိုးလှိုင်
ဖေဖော်ဝါရီ မပါလဲ ဖေဖော်ဝါရီရက်စွဲတွေကိုတော့ အသက်ရှင်သရွေ့ ဖြတ်သန်းနေရဦးမှာ.. ဘ၀ဆိုတာ ဒီလိုပါပဲ ကိုမိုးလှိုင်ရယ်.. နိုင်တယ်လို့ ထင်နေတဲ့သူတွေလဲ ရှုံးချင်ရှုံးနေတတ်တာမျိုးပါ။
ReplyDeleteဒဏ်ရာရ ရာသီတွေထဲကနေ လွတ်မြောက်နိုင်ပါစေ။
ခင်တဲ့
ဆုဝေ
ကိုယ့်ဆရာ ပွဲပယ်ခံထိတာကိုး... အဟတ်.. စိတ်ဓာတ်မကျပါနဲ့ဗျာ.. နောက်ပွဲတွေရှိပါသေးတယ်..။ :)
ReplyDeleteကဗျာ လာဖတ်ပါတယ်ဗျာ :)
ReplyDeleteရင်ကိုလာထိတဲ့ ကဗျာလေး တစ်ပုဒ်ပါပဲ
ReplyDeleteဒီဖေဖော်ဝါရီမှာလည်း
ReplyDeleteငါ့ ဘ၀ကိုလှမ်းမြင်နိုင်တဲ့
ပွဲကြည့်စင်ပေါ်မှာ မင်းမရှိဘူး...။
အရေးအသားတွေ ထိလိုက်တာ။ ရင်ထဲမှာ စွဲသွားတာပဲ။