Tuesday, February 3, 2009

စစ်ပွဲ

မနေ့ညကအထိ
ငါတို့ရဲ့နောက်ဆုံးခရီးစဉ်ကိုမသိရှိရသေးဘူး
မိုးလင်းတော့ ဆက်သွယ်ရေးတာဝါတိုင်တွေ
ပြိုလဲကျကုန်ပြီ...
ဖုန်းခေါ်ဆိုလို့မရနိုင်တော့ဘူး...
အီးမေးစ်ပို့ဖို့ မော်နီတာအပျက်တွေက
ကြမ်းပြင်ပေါ်မှောက်လျှက်လဲနေတယ်..
မြေအောက်ဘူတာရုံထဲမှာ
သောက်ရေတစ်ဗူးကိုလိုက်ရှာနေတာ
ကလေးငယ်တစ်သိုက်က အသံမထွက်အောင်ကြိတ်ရှိုက်နေတယ်
တစ်ယောက်ယောက်ဆီမှာ ပေါင်မုန့်အသိုးတွေရှိနိုင်သေးလား
ဒဏ်ရာရနေတဲ့လူတွေကိုမကြည့်မိအောင်
မျက်လုံးကို အတင်းလွှဲဖယ်နေရတယ်...
အဆက်မပြတ်ပေါက်ကွဲသံတွေကြားတယ်..
အဆက်သွယ်ပြတ်သွားတဲ့လူတွေဆီက ဆုတောင်းသံတွေကြားတယ်
အနီအောက် ရောင်ခြည်တန်းတွေကို သွားမထိနဲ့........
ကောင်လေးက ရူးရူးမိုက်မိုက်ပြေးထွက်သွားတယ်
စစ်ပွဲကို လက်နှက်ကိုင် မဟုတ်သူများကတည့်တည့်ရင်ဆိုင်လို့
လေကြောင်းတိုက်ခိုက်မှုတွေတိုးမြှင့်လိုက်ပြီ...
အဲဒီသတင်းကို အရပ်သားတွေတစ်ယောက်မှသိခွင့်မရဘူး...
ရေဆိုးပြစ်တဲ့မြောင်းထဲကို စစ်သားတစ်ယောက်က
လက်ပစ်ဗုံးတွေပစ်သွင်းတယ်...
အထဲမှာက ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတစ်ချို့
စစ်ပွဲကို အရပ်သားတွေကတည့်တည့်ရင်ဆိုင်လို့....။

မိုးလှိုင်ည

9 comments:

  1. ညီ့ sidebar က ဦးသန့် ရဲ့ "စစ်ဖြစ်ပွားစဉ် ပထမဆုံးကျဆုံးရသူက အမှန်တရားသာဖြစ်သည်။" ဆိုတဲ့ စကားလေးနဲ့ အတူ ကဗျာလေးကို ခံစားသွားတယ်ညီရေ။ သရုပ်ဖော်ထားတာ ထိမိလိုက်တာ။

    ReplyDelete
  2. ညီရေ့ ...
    စစ်ကို တကွက်ချင်းပြပေးနေတဲ့
    documentary ကားတိုလေးတခုကို
    ကြည့်နေရသလိုပါပဲ
    ကောင်းတယ်...

    ReplyDelete
  3. ကဗျာ လာဖတ်ပါတယ်ဗျာ :)

    ReplyDelete
  4. ကိုအောင်သာငယ်ပြောသွားသလိုပါပဲ ။ ကောင်းတယ်......

    ReplyDelete
  5. ဒီကဗျာကို ပြန်ညွှန်းထားတယ် မိုးလှိုင်ည

    ReplyDelete
  6. အရင်ဆုံးကတော့
    ဘာမှမသိလိုက်တဲ့မသိသေးတဲ့အရာတွေ
    စပြီးနစ်နာတယ်အစ်ကိုရေ ...
    ပြီးတော့မှ ဂယက်က အားလုံးကို
    တမြေ့မြေ့ တိုက်စားတယ်...
    ကဗျာလေးကောင်းတယ်ဗျာ....

    ReplyDelete
  7. ကဗျာတစ်ပုဒ်နဲ့တင် စစ်ပွဲတစ်ပွဲရဲ့ မြင်ကွင်းတွေကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတယ်။

    ReplyDelete
  8. ကောင်းလိုက်တဲ့ကဗျာ..!!

    ((( စစ်ပွဲကို အရပ်သားတွေကတည့်တည့်ရင်ဆိုင်လို့....)))

    ပန်ဒိုရာ့ဆီကရောက်လာခဲ့တာပါ...
    ကဗျာတွေ..ဇိမ်ပြေနပြေလာဖတ်ဦးမှာမို့..
    လင့်ခ်ထားခွင့်ပြုဖို့ပါ ခွင့်တောင်းသွားတယ်..နော..

    အိန္ဒြာ

    ReplyDelete
  9. ကိုကောင်းကင်ကို နဲ့  ကိုအောင်သာငယ်တို့ ပြောသလိုပါပဲ။ ခံစားရပါတယ်။ ပထမဆုံးရောက်တာပါ။ လင့်ခ်သွားပါတယ်။ လာလည်ပါဦး။ စစ်ပွဲကဗျာလိုမျိုးလည်း တင်ထားပါတယ်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...