Saturday, October 29, 2011

မေးခွန်းအတွက် အဖြေတစ်ချို့လိုတယ်..။

ဘ၀မှာ မေးခွန်းတွေ အများကြီးနဲ့ထိပ်တိုက်တိုးမယ်
အဲဒီအတွက် အဖြေတစ်ချို့လိုတယ် ဆိုတာမျိုးပေါ့
ငယ်ငယ်ကတော့ အဖြေမှန်ဖို့ချည်း...
အတင်းကာရော ကြိုးစားခဲ့မိတယ်
အဖြေမှန်ဖို့ အမြဲတမ်းအရေးကြီးလားဆိုတဲ့ မေးခွန်းကို
အသက်ကလေး နည်းနည်း ထပ်ရမှမေးမိတယ်
ကဲ... အဖြေမရှိဘူးဆိုပါတော့
ဒါပေမယ့် အဖြေရှိတယ်...အမှတ်မရဘူး
အဖြေတွေ အများကြီးပဲ... တစ်ခုမှမမှန်ဘူး
မေးခွန်းကို မေးခွန်းနဲ့ ပြန်ဖြေတာမျိုးတွေရှိတယ်
ငိုတတ်တဲ့ အရွယ်တုန်းကဆို အဖြေတွေ မှားမှာသိပ်ကြောက်တာပဲ
အဲဒီအရွယ်ကျော်ပြီးတော့
အမှားတွေချည်းဖြေမိတယ်
လောကကြီးက အဖြေမှန်တွေ အမြဲမလိုဘူးတဲ့
မေးခွန်းအတွက် အဖြေဟာသင့်တော်ဖို့ပဲလိုတယ်
မေးခွန်းတွေ မေးခွန်းတွေ
အဖြေတွေ အဖြေတွေ..
ဘ၀မှာ အများကြီးပဲ
မေးခွန်းတစ်ချို့အတွက် အဖြေတစ်ချို့တော့လိုတော့ပါ...
ဘာမှမဖြေဘူးဆိုလည်း ... ဒါအဖြေပဲဖြစ်ချင်ဖြစ်မှာပေါ့...


မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...