Saturday, October 29, 2011

အဓိပါယ် တစ်ခုခု မသက်ရောက်စေလို…။

ဒီလို
ခိုင့်ခံ့တဲ့မြေကြီးသားတွေ အတိုင်းပဲ
သံသရာဟာ လည်မွတ်တည်တံ့နေတယ်
နေတွေခြစ်ခြစ်တောက်
မိုးတွေသိပ်သည်းသည်း
မလိုအပ်ပဲတွေးခေါ်နေရတာထက်စာရင်
မခေါ်ပဲပေါ်လာတဲ့အတွေးတွေကပိုကောင်းမလား…
ကားမှတ်တိုင်မှာလည်း
ကိုယ်နဲ့မသက်ဆိုင်တဲ့ခေါ်သံတွေပလူပျံနေတယ်
ဝယ်မလို့ကြည့်နေတာအစ်ကို…
လိုက်မလားသွားမခေါ်နဲ့
ယာဉ်နောက်လိုက်တွေရဲ့စကား
လေထုထဲဖြတ်တိုးသွားတယ်
ရှစ်..ရှစ်.. မသိမသာငဲ့သွားတဲ့ခေါင်းက
နှုတ်ခမ်းနီထူထူကောင်မလေးရဲ့
ဘယ်သွားမှာလည်း မျက်စပစ်စကားနဲ့တည့်တည့်တိုးလို
ငရဲကိုသွားမှာ..
ဒီမှတ်တိုင်မှာ ငရဲကိုသွားမယ့်ကားလိုင်းမရှိဘူးတဲ့
သူမလည်ချောင်းတဲ့ ညှစ်ချလိုက်တဲ့ ခပ်အစ်အစ်
အသံလေးထွက်လာတယ်…
မင်းနဲ့အတူတူဆို ငရဲဆိုတာလွယ်လွယ်ကူကူပဲ
ပူပူလောင်လောင် အရက်ဘားထဲဝင်ထိုင်လိုက်တယ်
မနက်ကတည်းက မကျေနပ်တဲ့စိတ်က
ဘီယာနှစ်ခွက်ထက် ကော်ဖီတစ်ခွက်ပိုဈေးကြီးတာပဲ
ဆေးလိပ်ကိုမီးငြိတဲ့စာသားထည့်ရေးရင်
တီဗွီချန်နယ်တွေမှာလို့ ဖြူဖြူအတုံးတုံးတွေနဲ့ကာမှာလား
ကိုယ့်စာသားမှာ ၁၈နှစ်အောက်မဖတ်ရ သတိပေးစာထည့်ရမလား
လူသားသည်ငရဲကလာပြီး ငရဲသို့သွားသည်.။ ဘယ်သူမှမဆိုမမိန့်တာကို
ကိုယ်ခေါင်းထဲ ရောက်ရောက်လာတာမျိုး…
ဘ၀ဟာ အဓိပါယ်မရှိပါဘူးကွာ ဆိုတဲ့အသံမျိုးကြားရင်
အဓိပါယ်မရှိ အဓိပါယ်ရှာနေသလို စဉ်းစားမိတယ်…
အခုခေါင်းစဉ်လို ကြိုပြောထားရင် ဖတ်ရတဲ့လူမှာ
ဝန်ထုပ်ဝန်ပိုးကင်းမလားလို့…
ကိုယ်က အမြဲတမ်းကိုယ်လွတ်ရုန်းဖို့ ကြိုးစားတတ်တဲ့ လူလေ.။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...