Monday, October 10, 2011

ဘ၀ကအချိန်တွေ သိပ်ကြာလွန်းတယ်…


မလိုအပ်ပဲ ဘ၀က အချိန်တွေ သိပ်ကြာလွန်းတယ်

ချစ်စကားကြိုက်စကားတွေလည်း ပျင်းရိ

အမုန်းရန်ငြိုးနဲ့ မတရားတွေပေါ်လည်း စိတ်မဆိုးမိတော့

ဘ၀က အချိန်တွေ သိပ်ကြာလွန်းတယ်…

ပျင်းပျင်းရှိ…ဒါမှမဟုတ်.. အသွေးတခြား အသားတခြား

တရားအားထုတ်ရအောင်လည်း ဥာဏ်စဉ်ကမမှီ…

သံသရာဆိုတာမှာ နာရီသံတွေမြည်တာလည်း ကျယ်လွန်းတယ်

ငယ်ငယ်ကလို အတန်းဆင်းရုံမဟုတ်တော့

နာရီသံ ဘယ်လောက်ပေးပေး အသက်ရှင်နေမှုဟာ

ပျော်ရွှင်မှုနဲ့ဝေးတယ်….

အလုပ်လုပ်လိုက် ထမင်းစားလိုက်

သတင်းတွေဖတ်လိုက အီးမေစ်းတွေပို့လိုက်

ဖေ့ဘုတ်ခ်ထဲဝင်လိုက်…

ဘယ်လိုစရိုက်မျိုးလေး အနားမှာ စကားပြောဖို့

ခွေးရုပ်ကြောင်ရုပ်လေးတောင် မမြင်ရ…

ဘ၀က အချိန်တွေ သိပ်ကြာလွန်းတယ်..

ဖုန်တက်နေတဲ့စာအုပ်စင်လို…

ပင့်ကူမျှင်တွေထဲကမှ အတွေးအခေါ်ကဖောက်ထွက်လို့မရဘူး

ဘ၀က သိပ်ကြာတယ်ဆိုတာချည်း ထပ်တလဲလဲ

ကော်ဖီခွက်ထဲမှာ …

ကီးဘုတ်ခ်ပေါ်က စာသားမှာ

အိပ်မရထဖွင့်ရတဲ့ သေနတ်ပစ်ခန်းတွေ…

ဘ၀က အချိန်တွေသိပ်ကြာလွန်းတာပဲ

မိုးမလင်းမချင်း မိုးမချုပ်မချင်း…

ဘ၀က သိပ်ကြာတယ် ဆိုတာ တချို့က ခံစားမိပါ့မလား..။

တစ်လတစ်ခေါက် ရေဝေးမှန်မှန်ရောက်နေတယ်…

နေ့ခဲ့လို့မရသေးတော့ တွေ့ရာကားနဲ့ ပြန်ပြန်လာခဲ့ရ

ဘ၀က သိပ်ကြာလွန်းတယ်…

သံသရာက သိပ်ကြာလွန်းတယ်…

တကယ်ဆို ဟိုးအရင်ကတည်း ပျက်ကျသွားတဲ့ ကမ္ဘာထဲမှာ ပါသွားရမှာ…

ဘ၀က အမှန်တကယ်ကြာလွန်းတယ်…။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...