Friday, October 28, 2011

လက်ရှိလောက




ဘာမှဖြစ်မလာတဲ့ နေ့မှာ ငါကဘာကို တမ်းတလို့
ငါ့ အတွက်မဟုတ်ဘူးဆိုတဲ့နေ့ကျရော ငါက အတိုက်အခိုက်နဲ့
အရေခွံတွေဘဲ လွမ်းခြုံ.ထားလိုက်မိတာပါ
ဘယ်လိုများသေချာသွားခဲ့သလဲ ကြာသာပတေးဆိုရင်ပေါ့


အသေအချာ တွေးခေါ်ထားပါတယ်
မကင်းလွတ်နိုင်သေးတဲ့ ဘ၀တစ်စိတ်တစ်ဒေသကို
မနက်ဖြန် အထိခေါ်သွားချင်ခဲ့တာပါ ကဗျာလား ဘ၀လား


ဘာကိုခေါစာပစ်လို့ ဘယ်ဘ၀ကို လှမ်းခေါ်မိလိုက်သလဲ
ငါ့ကိုငါ
သေသေချာချာ ပြောဖြစ်မိတာက နောက်ပြန်သွားတဲ့ ဘတ်စ်ကားလို


(တစ်ကိုယ်ရေတစ်ကောင်တည်းရိုးသားခဲ့) သေချာခဲ့
သူတပါးကိုဘဲ ကောက်ကျစ်ထားခဲ့ပုံ
သိမ်းမရတော့တဲ့ အနာဂတ်မှတ်တမ်းတွေပါ
မလွမ်းတော့ပါဘူး
ဘ၀ကို ငါမှနားမလည်နိုင်သေးခင်
ခင်ဗျားလည်း နားမလည်နိုင်ပါဘူး
ဒီကဗျာကို အမှားအယွင်းအတွက်
မသေမချာ ကမ္ဘာထဲမှာ အသေအချာ ကဗျာရှိနေတယ်ဆိုတာ
ခင်ဗျားနည်းနည်း ခက်သွားမလား ဘ၀အနာဂတ်အတွက်
ခင်ဗျားလည်း နောက်တခေါက်ပြန်ဖက်



(သျှင်ခ)

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...