စက်ဝိုင်းခြမ်း သံကိုင်းတွေ ဇာတပ်အုပ်ဆောင်း အုပ်ထားတယ်။ အိတ်ကပ်မှာ ငါးရှဉ့်သွေးနှင်းဆီးကြီးကြီး တစ်ပွင့်ပွင့်နေတုန်း အိပ်ပျော်မောနေ၊ အ၀တ်တွေအောက်မှာ ခြေမ လက်မ ပတ်တီးကြိုးနဲ့ ဖဲပြားသဏ္ဍာန် မေမေ ကိုယ်တိုင် ချည်ထားပေးတယ်။ ရေခဲစိမ် ပန်းသီး အအေးချွေးထွက်နေတာ ဘီးတပ်စတီးလ်တွန်းလှည်း အေးစက်နေတာ အနက်ရောင်ဝတ်စုံနဲ့ အနီရောင် မျက်လုံးများ စားဝတ်နေရေး အဖော်မွန်တွေ ဘာဖြစ်နေတာလဲ။
ရာသီ နေပူလွန်းမယ်။ မိုးတစ်ခိုက်ဖြတ်သွားမယ်။ မိုးတစ်စက်စက် တစ်မနက်လုံးကျနေပြီး ညနေချိုချို စောင်းစောင်းတစ်ခုလည်း ဖြစ်နိုင်တာပဲ။ အမွေးနံ့တလူလူ ကန်တော့ပွဲ ဖယောင်းမီး ပန်းခြင်းပန်းခွေနဲ့ အမှတ်ရမှု ရောင်စုံအရေးအသား A-4 စာရွက်တွေ လေထဲ တဖျတ်ဖျတ်တပ်ထားတယ်။
နေမယ်ဆို နေလို့ရသေးလို့ ဒီအတိုင်းပဲ နေထိုင်နေကြ အတွင်းထိ လူတစ်သိုက် နှလုံးသားကျကျ ရွေ့တွားထူးခေါ်နေ အလွန်ဆုံး မိနစ်ပိုင်းပေါ့။ သစ်သားရောင်ကျယ်သေတ္တာရှည်နား ၀န်ထမ်းတွေ စီးကရက် မွှေးလိုက်တာ မဲအူပြီး လွင့်တက်သွားရမှာလား မြေအောင်ပိုးမွှားတို့နဲ့ နေရမယ်လား။
မင်းဘယ်လိုစီစဉ်ထားလည်း ချစ်ခြင်းသည်တို့ ပလပ်စတစ်ကုလားထိုင်တွေ စောင့်နေကြအားပါးတနာ။ မကြားနိုင်ပါ မပြောမဆိုနိုင်ပါ ဝေမျှလို့မရပါ ဘာမျှမယူခဲ့ပါ။ အဟုန်ပြင်းပြင်းအရောင်တွေ စူးစူးမှောင်မှောင် ထိန်ထိန်လွင်ပြင် ချိုင့်ဝှမ်းတောင်ကြော ထက်ထက်မျက်နှာပြင်တွေပေါ်မျက်နှာပြင်တွေပေါ် ဖြတ်သန်း ငါ့အမှတ်အသားနဲ့ ငါပြန်ခဲ့ရာလမ်းမှာ တပ်အပ်သေချာ မပြောနိုင်ဘူး။ ရေတွေ အရည်တွေ။ ချက်ကြိုးတစ်ချောင်းတည်းနဲ့ ပွင့်ဖတ် ပွင့်ချပ် အင်္ဂါအိမ်ကြီးထဲ ငါ ဦးစောက်ကျွမ်းပြန်လည်မွတ်နေပြီ…။
ရေးသူ လူဆန်း
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သာမန်နေ့လေးတစ်နေ့ပါပဲ ငါမွေးလာတော့ … အဲဒါ ငါ့မွေးနေ့ဖြစ်လာတယ်… တချို့တွေသေဆုံးသွားတော့ အဲဒါဟာ ဈာပနနေ့ဖြစ်လာတယ်… ငါက မွေးနေ့ပွဲလ...
-
အဆုံးမရှိအောင်ကျယ်ဝန်းတဲ့ အမှားထဲ တိမ်တွေကလှလိုက်တာ ကိုယ်မှာတရားနဲ့ဖြေရတယ်။ မောင်သိန်းဇော်
No comments:
Post a Comment