Monday, June 16, 2008

သူဟာ

သူဟာ

ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းထဲက ရရှိလာတဲ့

ဒဏ်ရာတွေကို ကဗျာနဲ့ ကျင့်ယူသူပါ…..

သူဟာ

ဆေးရောင်စုံတဲ့ ရန်ကုန်မှာ

ဒြာဟာ ဒြာဖြစ်သလို

ဒြာဟာ ကဗျာဖြစ်တယ်လို့ ကြွေးကြော်ခဲ့ဖူးတယ်…

သူဟာ

ရိုက်ပုတ်ကြိမ်းမောင်းနေတဲ့ မိုးစက်တွေကြား

အခါခါလည်း ဟန်တင်းဖူးတယ်…

သူဟာ

လေနှင်ရာမျောပါခဲ့ရတဲ့

နွေးထွေးတဲ့ မေမေ့ရဲ့တိမ်ဆိုင်လေးလည်းဖြစ်တယ်….

သူဟာ

ကဗျာတစ်ပုဒ်ရယ် ကြီးမြတ်တဲ့ နှလုံးသားတစ်စုံရယ်နဲ့

ဖေဖော်ဝါရီ အတွက်ပေးဆပ်ခဲ့သူပါ…

သူဟာ

မိုးတိမ်တွေ ညိုမည်းတဲ့ညမှာ

လူမသိအောင် ကဗျာတွေရေးရင်း ရှိုက်ကြွေးနေသူပါ…

သူဟာ

အေးစက်တဲ့ လက်ဖျားလေးများအတွက်

အနွေးဓါတ်နဲ့ ပေးဆပ်တတ်သူလည်းဖြစ်တယ်…

သူဟာ

………..

သူဟာ

…………………

သူဟာ

…………………………………..

နှစ်ချို့ကော်ဖီတစ်ခွက်နဲ့

မြို့ပျက်ညတွေကြားက `မိုးလှိုင်ည´ သာဖြစ်တယ်..။

မိုးချစ်သူ

1 comment:

  1. မိုးလှိုင်ညရေ - အစ်ကိုတစ်ယောက်တည်းသာမက အစ်ကို့ ပတ်ဝန်းကျင်က မိတ်ဆွေတွေကလည်း ကဗျာရေး သိပ်ကောင်းပါတယ်ဗျာ။ ကဗျာဆရာတွေရဲ့ လက်ရာစုံကို ဖတ်ရတဲ့ ဒီဘလော့ဂ်ကတော့ အမြဲလာနေဖြစ်ပါတယ်။ မိုးလှိုင်ညနဲ့ မိတ်ဆွေများ ကဗျာတွေ ဆက်လက်မွေးထုတ်ပေးနိုင်ပါစေဗျာ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...