Friday, June 27, 2008

မပျော်တတ်ရင်ထီထိုး

အဲဒီနေ့က

ထီလတ်မှတ်တစ်စောင်နဲ့

ယောင်တီးယောင်န


ခြောက်သယောင်းနေတဲ့

မျော်လင့်ချက်တွေကိုအသက်ဆက်ဖို့

အဲဒီနေ့ကထီထိုးတယ်….


ကိုယ့်ဘ၀ထဲကထွက်ပြေးသွားတဲ့

ငှက်ပြာလေးကို

မိုးအဆုံးမြေအဆုံးလိုက်ရှာဖို့

အဲဒီနေ့ကထီထိုးတယ်…


ကျေးဇူးတရားနဲ့ချည်နှောင်

အနိုင်ကျင့်တတ်တဲ့လူယဉ်ကျေးတွေကို

လက်စားချေဖို့

အဲဒီနေ့ကထီထိုးတယ်…


လူလူသူသူအိပ်မက်တွေကို

လူတန်းစေ့မက်နိုင်အောင်

အဲဒီနေ့ကထီထိုးတယ်…


ကိုယ့်အတွက်ဘယ်တော့မှ

အလေးမသာတဲ့ကံတရားအပေါ်

သံဝေဂတွေထပ်ယူတတ်ဖို့

အဲဒီနေ့ကထီထိုးတယ်…


ပေါက်မဲနဲ့အမြဲလွဲတဲ့

အဲဒီထီလက်မှတ်ကိုပဲ

ဖတ်ပြီးသားစာမျက်နှာတွေကို

မှတ်သားဖို့

ကဗျာစာအုပ်လေးကြားညှပ်ထားလိုက်တယ်

အဲဒီညနေပေါ့

ငါ့စိတ်တွေလွတ်လပ်ပေါ့ပါးပုံက

မိုးပျံပူဖောင်းတွေထက်မြင့်မားလို့

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...