Friday, June 27, 2008

သူငယ်ချင်း…သို့

သူငယ်ချင်းအိမ့်ခိုင်ဦးရေ

ဘာတတ်နိုင်မှာလည်းဆိုတဲ့စကားတစ်ခွန်းကို

မင်းဘယ်တော့မှ

မကျေနပ်နိုင်ဘူးဆိုတာ..ငါသိတယ်။


သူငယ်ချင်းမင်းက

နာဂစ်ကိုမြွေဟောက်လိုပြန်ပေါက်ပြီး

ပန်းပွင့်လိုနူးညံ့ပေးတယ်…။

မိုးသည်းလေသည်းထဲမှာ

စိုစိုရွှဲရွှဲနေတဲ့ မင်းဆံပင်တွေ

တလက်လက်ထနေတဲ့မင်းမျက်ဝန်းတွေ

မင်းရဲ့တက်ကြွမှုမျိုး

မင်းရဲ့တာဝန်ယူရဲပုံမျိုး

မင်းရဲ့သူရဲကောင်းဆန်မှုမျိုးထဲမှာ

ငါ့နှလုံးသားကရှက်ရွံ့နေရဖူးတယ်…။


အခုမင်းမရှိတော့တဲ့လမ်းမမှာ

မင်းရဲ့တာဝန်တွေလက်ဆင့်ကမ်းယူလို့

ကမ္ဘာမကြေဘူးဆိုတဲ့ သီချင်းကို

အံကြိတ်ပြီး အထပ်ထပ်ဆိုငြီးရင်း

မင်းအတွက်ငါ

ဂုဏ်ယူကျေနပ်နေမယ်…သူငယ်ချင်း။


မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...