Tuesday, June 10, 2008

အရက်သောက်တဲ့ညနေ

ကိုငှက်

ကျွန်တော်အခုအရက်သောက်နေတယ်

ခင်ဗျားသီချင်းကို

MP4 ပလေယာထဲထည့်ဖွင့်ပြီးနားထောင်နေတယ်

မူပိုင်ခွင့်တစ်ပြားမှမပေးရဘူး…

(ကျွန်တော်ဟာအလကားကောင်)

စားပွဲပေါ်မှာက ၀ီစကီခပ်ပြင်းပြင်း

အပြင်းစားကဗျာတွေ

လူပေါ်ကျော့တွေခံစားဖို့

အနုပညာအသီးအပွင့်တွေက

လောကဓံတရားနဲ့ စီးချင်းထိုးထားတဲ့

သူရဲကောင်းတွေရဲ့ဒဏ်ရာ

ကမ္ဘာ မြေရဲ့သွေးထွက်သံယိုတွေကိုဖာထေးဖို့

ယူရိုငွေသန်းသုံးဆယ်လောက်

တစ်ယောက်ယောက်ကချေးစမ်းပါ..

မြို့မငြိမ်းဦးခေါင်းကိုနင်းခြေသွားတဲ့

ချက်ဗို့လတ် ဘတ်စ်ကားအိုကြီးတွေကို

ကျွန်တော်မြေပေါ်ကမောင်းထုတ်ဖို့

ကိုစောငြိမ်းဗိုက်ထဲကို တိုးဝင်သွားတဲ့

ဓားမြှောင်တစ်လက်ကို

နောက်ဆုတ်သွားစေဖို့…

ပြည်မြို့ဈေးကြီးဘေးက

စုတ်ချာချာလက်ဘက်ရည်ဆိုင်လေးက

မရဏရဲ့ ပန်းချီဆေးရေးနံရံကို

ဝယ်ယူဖို့…

သရေခတ္တရာတောင်ပေါ်လမ်းကွေ့မှာ

လူကြိုက်နည်းတဲ့ကောင်ကို

ကျောက်စာတိုင်စိုက်ဖို့

အနုပညာဆိုတဲ့ကြိုးတစ်ချောင်းနဲ့

ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့

ကိုငှက်

ကျွန်တော် အရက်သောက်နေတယ်

သစ္စာမူးသူတစ်ယောက်မို့

ကိုယ့်အတ္ထုပတ္တိကိုယ်ငြင်းမိတယ်

မသိခြင်းရဲ့အဆုံးမဲ့မှာ

မျက်ကန်းတောမှောက်

ကျွန်တော်မကြောက်တတ်သေးပါ…။

မိုးလှိုင်ည

4 comments:

  1. တစ်ကယ်ကောင်းတယ်ဗျာ…ဒီကဗျာ…

    ReplyDelete
  2. လူပေါ်ကျော့တယောက် လာခံစားသွားတယ် သစ္စာမူးသူရေ

    ReplyDelete
  3. အကိုရေ အနုပညာမှော်ဆရာ၅ဦးကို ရင်ထဲမှာနင့်နေအောင်လွမ်းရပါတယ်ဗျာ။
    အားလုံးအဆင်ပြပါစေခင်ဗျာ။

    ReplyDelete
  4. အနုပညာဆိုတဲ့ကြိုးတစ်ချောင်းနဲ့

    ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့

    ကိုငှက်

    ကျွန်တော် အရက်သောက်နေတယ်

    သစ္စာမူးသူတစ်ယောက်မို့

    ကိုယ့်အတ္ထုပတ္တိကိုယ်ငြင်းမိတယ်

    သစ္စာမူးနေတဲ့ ကဗျာဆရာတစ်ယောက်ရဲ့ ရင်ထဲက စကားလုံးတွေက တကယ်ထိတယ်။ ကဗျာတွေ ပိုပိုကောင်းလာတယ် ကိုမိုးလှိုင်ရေ

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...