မငိုကြွေးတော့ပါဘူး
အဖေပျိုးခဲ့တဲ့အားမာန်
လောကဓံအချိုးအကွေ့မှာ
အလိုက်သင့်နေတတ်ဖို့
ရင့်ကျက်နေခဲ့ပြီ။
ပြိင်ပွဲတွေရဲ့မာယာဟာ
အနိုင်အရှုံးလှည့်စားမှုဆိုတာ
အဖေပြောပြတော့
ဘ၀လွင်ပြင်ကျယ်ကို
မုန်တိုင်းဆင်ဖျက်ဆီးမယ့်
ကံကြမ္မာရဲ့အင်အားကို
အထင်မှားကြောက်ရွံ့မနေတော့ပါ။
ဖြစ်တည်မှုလောင်းလှေကို
ဥာဏ်ပညာတက်မနဲ့ထိန်ကြောင်းရွက်လွှင့်
အဖေသင်ခဲ့တဲ့ပင်လယ်ပြင်အကြောင်းကို
တံငါကောင်းတစ်ယောက်လိုသိခဲ့ပြီ။
မိုးလှိုင်ည
ရုပ်ရှင်အောင်လံမဂ္မ္ဂဇင်း(၂၀၀၄)
No comments:
Post a Comment