အ၀စားထမင်းဆိုင်လေးမှာ
ငါးရာတန်အနွမ်းနှစ်ရွက်နဲ့
ကျွန်တော်မာန်တက်နေတယ်။
(အဖေဘာဟင်းနဲ့စားမလဲ)
လွန်ခဲ့တဲ့နှစ် နှစ်ဆယ်မှာ
ဒီအသံကိုဒီတစ်ခါပဲကြားဖူးတာ
ကိုယ့်နားကကိုယ့်ကိုပြန်မယုံချင်ဘူး….။
(မင်းထမင်းစားရမှာ ငါမျိုမကျပါဘူးကွာ)
တဲ့ အဖေက
ကျွန်တော်ရိုးရိုးသားသားရှာဖွေထားတဲ့
စာမူခပိုက်ဆံပါအဖေ......။
ဘ၀မှာကိုယ်ဝါသနာပါတဲ့အလုပ်ကို
လုပ်ခွင့်ရတဲ့ကံတရားကလူတိုင်းမရကြဘူးလို့
ရုံးစာရေးအဖေက သက်ပြင်းရှည်ချပြီးပြောတယ်
အဖေကော
ဝါသနာပါတဲ့အလုပ်ကိုလုပ်ခွင့်ရသလား
လုပ်နေတဲ့အလုပ်ကိုကောအဖေ၀ါသနာပါလား
ကျွန်တော်မစဉ်းစားအားပါဘူး
ချစ်သူနဲ့လျှောက်လည်ဖို့ အဖေအိတ်ထဲက
ထောင်တန်တစ်ရွက်အလစ်နှိုက်ခဲ့ဖူးတဲ့ကောင်
ကျောင်းလခတွေကိုလိမ်တောင်းပြီး
သူငယ်ချင်းတွေနဲ့ ဘီယာသောက်ပစ်တဲ့ကောင်
အခုနေ့လည်စာမှာတော့
ကိုယ့်ကိုယ်ကို တစ်ခါဝင့်ကြွားမိတိုင်း
ကိုယ့်ကိုယ်ကိုတစ်ခါပြန်ရှက်ရနေတယ် .......အဖေ။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သာမန်နေ့လေးတစ်နေ့ပါပဲ ငါမွေးလာတော့ … အဲဒါ ငါ့မွေးနေ့ဖြစ်လာတယ်… တချို့တွေသေဆုံးသွားတော့ အဲဒါဟာ ဈာပနနေ့ဖြစ်လာတယ်… ငါက မွေးနေ့ပွဲလ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ငါ့ဆီမှာ ခြောက်လုံးပြူးတစ်လက်ရှိတယ် … ။ အနုပညာတစ်တောင့်ထည့် လွတ်လပ်မှု တစ်တောင့်ထည့် ဒီမိုကရေစီ တစ်တောင့်ထည့် ချစ်ခြင်းမေတ္တာတစ...
No comments:
Post a Comment