Sunday, April 22, 2007

သေခြင်းအလွန်

သူမကိုအားလုံးကထားရစ်ခဲ့တာလား
အာလုံးကိုသူမကထားရစ်ခဲ့တာလား
လတ်လတ်ဆတ်ဆတ်ကျင်းထဲမှာတော့
မြေမှုန့်ဖြစ်မယ့်သူမကိုမြေမှုန့်တွေကဖို့လို့
ရင်ခွင်မဲ့သားငယ်သမီးငယ်တို့ငိုကြွေးသံ
သူမခံစားနိုင်စွမ်းမဲ့ပြီ
ဘ၀ကိုသီခဲ့တဲ့သက္ကရ်ဇ်တွေကသူမအတွက်
ရပ်တန့်ကြေမွသူမအသက်ထပ်မကြီးရတော့ဘူး
ခရီးဝေသွားတာမဟုတ်လို့ပြန်လာမယ့်နေ့ကိုလည်း
စောင့်ကြိုနေစရာလည်းမလိုတော့
ဖြေသိမ့်မေ့ပစ်လိုက်ဖို့ကြပြန်တော့
သူမဆီစုံမက်နှစ်သက်စရာတွေကမကျေနပ်ကြပြန်ဘူး
ဒါပေမယ့်...သူမက
လူ့ဘ၀ကအနားယူအိပ်စက်နေပြီ...။

မိုးလှိုင်ည

2 comments:

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...