မျက်နှာတွေအားလုံးရဲ့ဖတ်ဖူးတဲ့
အဓိပ္ပါယ်အရငွေဟာနတ်ဘုရား
ဆိုတဲ့အကြောင်းငါနားလည်မိတယ်
အမေကငွေမက်တယ်
ချစ်သူကငွေမက်တယ်
ငါ့ကိုတော့ဘယ်သူမှမမက်ဘူး
ဒဏ်ရာအနာတရတွေနဲ့
စင်ကြယ်လာတဲ့အသိတရားမှာ
ငါ့ကိုငါ့ခမ်းနားထားမိတယ်...။
ဘယ်သူမှငါ့အနားမှာမရှိလည်း
ပရမတ်တရားကငါ့နံဘေးမှာ...
အားလုံးကမောင်းနှင်ထုတ်လိုက်တဲ့အခါ
ကောင်းမြတ်ခြင်းဟာငါနဲ့အတူ
လမ်းလျှောက်ထွက်လို့....။
ယုံကြည်တယ်
လမ်းဟောင်းကခွဲထွက်လာပြီးတဲ့နောက်
ဘယ်သူမှမသိတဲ့ ကမ်းခြေအသစ်ဆီ
ငါဆိုက်ရောက်မယ်ဆိုတာ...။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သာမန်နေ့လေးတစ်နေ့ပါပဲ ငါမွေးလာတော့ … အဲဒါ ငါ့မွေးနေ့ဖြစ်လာတယ်… တချို့တွေသေဆုံးသွားတော့ အဲဒါဟာ ဈာပနနေ့ဖြစ်လာတယ်… ငါက မွေးနေ့ပွဲလ...
-
အစိုးရကိုယ်၌ ကသောင်းကနင်းနှင့် အဓိပ္ပါယ်မရှိ ဖြစ်နေလျှင်၊ မကူညီဘဲ စိုးမိုးအုပ်ချုပ်နေလျှင်၊ ဦးမဆောင်ဘဲ အမိန့်များသာပေးနေလျှင်၊ဤ...
-
အိတ်ကပ်ထဲကိုငုံ့ကြည့်တော့ မြန်မာငွေကျပ် ခုနှစ်ထောင့်နှစ်ရာ့ငါးဆယ် (ဗိုလ်ချုပ်ခေါင်းနဲ့ ပိုက်ဆံတွေမပါ) သေချာတာက မနက်ဖြန် မနက်စောစောထစရာမလိုတေ...
No comments:
Post a Comment