မင်းအကြည့်မျှားတစ်စင်းကငါရင်ကိုခွင်းခဲ့ပေါ့
ဖေဖော်ဝါရီရယ်
ဒီလ်ုနဲ့နွေဦးပေါက်ရာသီမှာ
ပေါဂေါ်ဂင်ကပါရီကိုကြောက်သလို
မိုးလှိုင်ညကရန်ကုန်ကိုကြောက်နေတယ်
ငမိုးရိပ်ချောင်းကိုဖြတ်ပြီးငါမင်းဆီမရောက်နိုင်တော့ဘူး
မှန်ခန်းနဲ့ကော်ဖီဆိုင်မှာဂျပ်စမင်တီးကို
ငွေနှစ်ရာပေးပြီးမသောက်နိုင်တော့ဘူး။
တကယ်တော့ငွေကြေးဆိုတာအနုပညာသမား
အတွက်အညစ်အကြေးပါတဲ့...
လူမသိသူမသိအခန်းကျဉ်းထဲကနေ
မင်းကိုချစ်တဲ့အကြောင်းတွေ
မဆုံးနိုင်အောင်ငါဖွဲ့နွဲ့နေတယ်
တစ်နေ့နေ့ငါတိုတွေပြန်တွေ့ကြရင်.....
ဖေဖော်ဝါရီရေဒဏ်ရာတွေကိုလျှာနဲ့လျက်နေတဲ့
တောခွေးတစ်ကောင်လို ငါအိဒြေရရနေတတ်ပြီ။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ဗမာ့သမိုင်း မတင်နိုင်ခင်ကတည်းက ရွှေတိဂုံဘုရားကြီး မားမားရပ်ခဲ့တဲ့မြို့ ရှင်မွေးနွန်းနဲ့ မင်းနန္ဒာ ဒဏ္ဍာရီလာ ဥက္ကလာပတိုင်းနဲ့ ငမိုးရိပ်ချောင...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
နပိုလီယန်မဟုတ်ဘူး ကူဗလိုင်ခန်မဟုတ်ဘူး ဂျူးလိယက်ဆီဇာမဟုတ်ဘူး ဂျော့ဝါရှင်တန်မဟုတ်ဘူး မိုးလှိုင်ညဟုခေါ်ဆိုပါရန်.... ကျန်စစ်သားမဟုတ်ဘူး နရသီဟပတေ့မ...
No comments:
Post a Comment