မျက်လှည့်ပွဲထင်ပြီး
ဝင်ငေးမိတာက…အစ
အဲဒီမှာ ကိုယ့်ကိုကိုယ်
ပြန်သတိမရတော့ဘူး။
သူ့ခေါင်းစဉ်က
မီးငြိမ်းနေတဲ့ ဖရောင်းတိုင်ကို
မီးထွန်းပြဖို့တဲ့။
ကျွန်တော်သိချင်တာက
အလင်းထက် ခရီးသွားနှုန်းပိုတဲ့
ဝါကျတစ်ကြောင်း
မျက်လှည့်ဆရာ ခေါင်းလောင်းတီးတော့
ကျွန်တော် လှည့်ပြန်လာခဲ့တယ်
အိမ်ကိုတော့ မဟုတ်ဘူး
နောက်ထပ်မျက်လှည့်ပွဲ တစ်ခုဆီ…။
မိုးလှိုင်ည
Sunday, November 27, 2011
ညှို့ချက်
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
အဆုံးမရှိအောင်ကျယ်ဝန်းတဲ့ အမှားထဲ တိမ်တွေကလှလိုက်တာ ကိုယ်မှာတရားနဲ့ဖြေရတယ်။ မောင်သိန်းဇော်
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ငါ့ဆီမှာ ခြောက်လုံးပြူးတစ်လက်ရှိတယ် … ။ အနုပညာတစ်တောင့်ထည့် လွတ်လပ်မှု တစ်တောင့်ထည့် ဒီမိုကရေစီ တစ်တောင့်ထည့် ချစ်ခြင်းမေတ္တာတစ...
No comments:
Post a Comment