Wednesday, November 2, 2011

ဗိုက်ပြည့်ရုံနဲ့ အသက်ရှင်ရတဲ့ ရောဂါက မသက်သာဘူး

ဗိုက်ပြည့်ရုံနဲ့

အသက်ရှင်ရတဲ့ ရောဂါက မသက်သာဘူး

ငါ ကဗျာရေးချင်တယ်

ငယ်ငယ်ကလို့

BMXစက်ဘီးလေးစီးချင်တယ်

Nikon ကင်မရာ DSLR လေးနဲ့ ဓါတ်ပုံတွေရိုက်ချင်တယ်

ရန်ကုန်မြို့ပေါ်က

ပြန်လည်ပြည်ဖြိုးမြဲ စွမ်းအင်နဲ့

ဆိုက်ကားယာဉ်တွေအကြောင်း

ရုပ်ရှင်ဇာတ်ကားတိုလေး ရိုက်ဖို့စိတ်ကူးယဉ်တယ်

လှသန်းလို့ သစ်ကောင်းအိမ်လို

မောင်ချောနွယ်လို့ ကဗျာကောင်းကောင်းလေး တစ်ပုဒ်

နေမျိုးလို လွန်းဆတ်နိုးမြတ်လို ငြိမ်းအေးအိမ်လို

တစ်ဘ၀စာ ၀တ္ထုတိုလေးတစ်ပုဒ်

ကိုဖြိုးလို ကိုမျက်လုံးလို ကိုကောင်းထက်လို

အကောင်းစားဓါတ်ပုံလေးတစ်ပုံ

အဲဒါလေး တွေတစ်ခုပြီးတစ်ခုပြီး

တစ်ခုစီ တစ်ခုစီ ငါလုပ်ချင်တယ်

အသက်ရှင်တဲ့ရောဂါက

ရွှေကောင်းကြွယ်မှာ လက်ဖက်ရည် တစ်ခွက်သောက်ရုံ

၃၇လမ်းထိပ်မှာ ငါးရာတန်ထမင်းတနပ်စားရယုံ

ပါဝမှာ ဘီယာ အ၀အပြဲသောက်ရုံနဲ့ မသက်သာဘူး

ရန်ကုန်ဆေးရုံကြီးမှာ ဆရာဝန်တွေ လာမကြည့်ယုံ

အက်စ်အစ်ကစီမှာ ဆေးမှာထိုးရုံ

ထိုင်းနိုင်ငံက အထူးကုဆေးရုံကြီးစကင်ဖတ်ယုံ

အသက်ရှင်နေတဲ့ ရောဂါက မပြည်စုံဘူး...

ငါ... သေပြီ..

ငါမသေချင်ဘူး...

သူတို့ သူတို့ သူတို့လို့ အုတ်တစ်ချပ်သဲတစ်ပွင့်လေး

ဖြစ်ချင်ယုံသက်သက်..

ငါရောဂါကို အမြစ်မဖြတ်ပါနဲ့...

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...