အကုန်လုံး ဒီအတိုင်းချည်းပဲ
ဇယားတွေလည်းကြည့်ရွှေ့
အကွေ့မလှရင်တော့ သမိုင်းဝင်ပြီး
အင်းစိန်ထိပေါက်သွားမယ်…
ဈေးမေးတဲ့ခေတ်မဟုတ်တော့ဘူး
ကြိုက်သလောက်သောက် ကျသလောက်ရှင်း
ရှုံးထားတဲ့လက်သီးတွေပိုပြင်းတယ်ဆိုတာ
ကျော်ချင်ခွချင်ဆိုက်ကားနင်းလို့ရတယ်
မလုပ်မရှိတိုင်း ဂွေကိုင်ချင်လို့မရဘူး
မြင်မြင်သမျှက အကုန်ကြေးစားတွေပဲ
ရဲရင်မင်းဖြစ် မင်းဖြစ်မင်းခံ
တန်ရာတန်ကြေး ကို အောက်ရှိနဲ့လက်ကုန် မနှိုက်နဲ့
ဇွတ်မကျနဲ့ နောင်တတွေတလှေကြီးရသွားမယ်
အထာမကျွမ်းရင် ဒါလမ်းမဟုတ်ဘူးပေါ့
သူ့အရပ်နဲ့ သူဇာတ်ပဲ…
ခက်တာက ဇာတ်သမားတွေက
တစ်ခါလာလည်း နှစ်ခါလာလည်း
သုံးခါလာလည်း…
ဇာတ်အိုဇာတ်နာတွေ ဇာတ်ခေါင်းမကွဲသေး…။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ဗမာ့သမိုင်း မတင်နိုင်ခင်ကတည်းက ရွှေတိဂုံဘုရားကြီး မားမားရပ်ခဲ့တဲ့မြို့ ရှင်မွေးနွန်းနဲ့ မင်းနန္ဒာ ဒဏ္ဍာရီလာ ဥက္ကလာပတိုင်းနဲ့ ငမိုးရိပ်ချောင...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
နပိုလီယန်မဟုတ်ဘူး ကူဗလိုင်ခန်မဟုတ်ဘူး ဂျူးလိယက်ဆီဇာမဟုတ်ဘူး ဂျော့ဝါရှင်တန်မဟုတ်ဘူး မိုးလှိုင်ညဟုခေါ်ဆိုပါရန်.... ကျန်စစ်သားမဟုတ်ဘူး နရသီဟပတေ့မ...
No comments:
Post a Comment