Friday, April 1, 2011

ငါမရူးဘူး…(ယူးထှာ)


မနက်အစောကြီး ထပြောလိုက်တာ

ငါမရူးဘူး..

အရက်ဖြူတစ်စိတ်ပေး

ကွမ်းယာတစ်ယာဝါးတယ်

မနေ့ညကတည်းက နားကြားက

ဆေးပေါ့လိပ်တိုကို လက်မှာညှပ်လိုက်တယ်

ကွမ်းယာကိုထွေးထုတ်

အရက်ဖြူတစ်စိတ်ကို ရေခပ်ဆဆထည့်

ခါးပုံစထဲက လျှောက်သီးဆေးပြားထုတ်

ညကပန်းချီကားတွေထဲမှာ ဓားပြားနဲ့ခြစ်ချစရာ

အရောင်တွေကျန်နေသေးတယ်

ကျိုးကြေနေတဲ့ ကဗျာစာရွက်လေးကို ထုတ်ဖတ်

ဘ၀အနုပညာဆိုတာ မှော်ရုံတောပဲ

ခက်တာက ငါမရူးဘူး..

မူးအောင်လို့နည်းနည်းလေးထပ်သောက်

နုတ်ပါတ်ခ်ကို ဖွင့်ပြီး..

မြန်မာစာလုံးတွေ ရိုက်ရိုက်ကြည့်နေတယ်

ဘာရေးရမှာလည်း.. ဘာရေးရမှာလည်း

ရူးရူးမူးမူး ရူးရူးမိုက်မိုက်

စိတ်ထဲက တိတ်ဆိတ်နေတဲ့အသံကိုလိုက်ဖမ်း

ခေါင်းထဲ ဒင်္ဂါးသံအတွေးတွေ လိုက်စမ်း..

ဘ၀မှာ အနုပညာဖြစ်ခွင့်ကို လွမ်းလိုက်တာ

ငါမရူးဘူး..

ဒါပေမယ့် ငါရူးနေတာ..

ကော်ဖီခွက်ထဲက အေးအေးစက်စက်အရသာကိုငုံထားမိတယ်

စီးကရက်ဖွာတယ်

လက်တော့ပ်ညာဘက်အခြမ်းက

ဘက်ထရီအိုင်ကွန်လေးကို မျှားလေးတင်ကြည့်လိုက်

ဘ၀မှာ ငါဘာမက်ရမလည်း

ငါရူးပြီး.. အတည်ပေါက်ကြီးကို

ငါရူးပြီ

ပန်းချီကားတွေမျှားလို့မရ

ကဗျာဝါကျတွေတည်ဆောက်လို့မရ

ငွေသံကြေးသံတလူလူနဲ့

ငါ့ အသက်ရူသံမှာ ကင်ဆာရောဂါလက္ခဏာနဲ့

အတည်ပေါက်ကြီး ရူးသွားတဲ့နေ့က

ငါမရူးဘူးဆိုပြီး

မိန့်ခွန်းနဲ့ ရာထူး..(ရူးထှာ)ကိုလက်ခံယူခဲ့တယ်

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...