Sunday, April 10, 2011

ကြေကွဲရောင် ကောင်းကင်

ကောင်းကင်က ကြေကွဲတဲ့အရောင်နဲ့

ငါကလည်းမှောင်နေတယ်…

မင်းက အိပ်မက်တွေကို ငြင်းတဲ့

ဓမ္မဠိဌာန်သမား…

ငါက သချာင်္တစ်ဆိုအမြဲတမ်းကျတဲ့

အတွက်အချက်မကောင်းတဲ့ကောင်လေး

ငါ့ စာလုံးပေါင်းတွေမှားခဲ့တယ်

ငါ့အသံထွက်တွေလွဲခဲ့တယ်

ဘ၀ဆိုတာ ငါမကျွမ်းကျင်ပဲ

ဝင်ပြိုင်ရတဲ့ အားကစားနည်း

ငါက အချိန်ရှိသမျှပျင်းရိချင်တယ်…

မင်းကို မေတ္တာထားဖို့က ခြွင်းချက်ပေါ့…

ညီမလေးရေ…

မှော်ဆရာမရေ

တကယ်တော့ပြက်လုံးပါ…

မင်းနဲ့ တစ်လောကလုံးရယ်ဖို့…

ငါရဲ့ အတီး

အတ.. ကကြိုးတွေ…။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...