Tuesday, November 23, 2010

ဒီတစ်နေ့ပြီး နောက်တစ်နေ့ ဒီဘ၀ ပြီး နောက်ဘ၀ ဒါဘာထူးဆန်းလို့လည်း…။

အခုထက်ထိ မပြီးပြတ်သေးတဲ့ ဖိုင်တွဲအဟောင်းကြီးကိုင်လို့…

ကဗျာဟာ မှိုင်းမိနေသလို လှိုင်းမှုနေသလို… မပြောမပြီးမို့ ပြောရင်းနဲ့မော

တော်တော်ဆိုးတဲ့ အခြေအနေပဲ… အချက်ပေးစနစ်တွေ ခေတ်မီဖို့..

နောက်ထပ် သုံးစွဲဖို့ မသင့်တော့တဲ့ ငွေစက္ကူတွေ… မိနစ်ပိုင်းအတွင်း

လက်ထဲက အာမခံတန်ဖိုးဟာ တငွေ့ငွေ့ အငွေ့ပျံလို….

လေတိုက်နှုန်း အတိအကျသိရဖို့.. ခေါင်းမာမာနဲ့ ငြင်းဆန်ခဲ့တယ်

အိမ်ပြန်မယ်စဉ်းစားတိုင်း… စရိတ်အကွာအဝေးက မျှော်လင့်ချက်ကို

ပိုဝေးစေတယ်…

မလွယ်ပါဘူး.. အစကတည်းသိသိချည်းနဲ့ မိုက်မဲမိတာ

ဒါဟာ တစ်နေ့ပြီးတစ်နေ့ မပြီးပြတ်နိုင်တဲ့ မိုးလေ၀သ…

နေပူပူထဲ ရွှဲရွှဲစို လောင်မြိုက် သွေးဆူလွယ်တဲ့အခိုက်တွေ

လွန်ကုန်ပြီ.. ရွေ့ပြောင်းလွယ် အိပ်မက်တွေထဲ

ကမ္ဘာနဲ့ချိတ်ဆက်ဖို့… လက်ထဲက လေတွေကို

ဘယ်တန်ဖိုးနဲ့တွက်ချက်ရမယ်မသိ…

ဒါဟာ တစ်ဘ၀ပြီးတစ်ဘ၀.. တစ်ယောက်ထွက်သွားပြီး

တစ်ယောက်ဝင်လာတယ်… တစ်ယောက်တည်းပဲလား

ဘယ်သူမှ အရေးတယူ ဂရုစိုက်မနေပါ… လောကကြီးက

တံခါးမရှိ ဓားမရှိ…

ငါတို့က တားမြစ်ထားခံရတဲ့ ကျမ်းစာအုပ်တွေလို…

အိပ်မက်တွေမှာ ဖုန်တစ်လိမ်းလိမ်း…..။


မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...