Friday, November 19, 2010

လွယ်လွယ်မေ့လို့...။


အခုတော့

ငါခပ်လွယ်လွယ်မေ့တတ်ခဲ့ပြီ..

ဘယ်လောက်တောင်လွယ်လည်းဆိုတော့

လွယ်လွယ်မေ့ခဲ့တဲ့နည်းလမ်းကိုပါ..

မေ့သွားတဲ့အထိ…

ဦးနှောက်ရဲ့ အဓိက အလုပ်ဟာ မေ့ပစ်ဖို့တဲ့

အိုင်စတိုင်းလား စတီဖင်ဟော့ကင်းလား

ဒေါင်းနွယ်ဆွေလား မောင်ချောနွယ်လား

ဘယ်သူပြောသလဲ ငါမေ့သွားတယ်..

မေ့သွားတဲ့အကြောင်းအရာတွေ မေ့ဖို့ကောင်းလို့

ငါသေသေချာချာမေ့သွားတာပဲ

ရရန်ရှိတာတွေကို ပေးရန်ရှိတာတွေကော

မနက်ဖြန်တွေကော မနေ့ကတွေကော

ငါလွယ်လွယ်လေးမေ့သွားတာ..

စီးကရက်ဖွာရင်းကော်ဖီသောက်ရင်း

ထူးအိမ်သင်သီချင်းတွေနားထောင်ရင်း

လူများ နှစ်ကာလများ.. ဘ၀အဓိပ္ပါယ်များ

ဖတ်ရင်းမှတ်ရင်းလေ့လာရင်းစူးစမ်းရင်း

ငါမေ့သွားတယ်…

ငါ့ကိုယ်ငါမေ့သွားတယ် …

ငါမဟုတ်တဲ့သက်ရှိသက်မဲ့တွေကိုမေ့သွားတယ်

မေ့ပစ်လိုက်ရတဲ့အကြောင်းအရာတွေကို

မေ့သွားတယ်…

အခုလည်းဒီစာကြောင်းတွေကို ဘာဆက်ရေးရမလည်း

မေ့နေလို့…။


မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...