Friday, December 11, 2009

ချစ်ခြင်းဖွဲ့ (၁)

ဝေးနေရတာက ငရဲ
နီးနေရတာက နတ်ဘုံတမျှ
ခေါင်းလှုပ်ခြေလှုပ်ကအစ
လက်သန်းဖျားလေးက လက်သည်းချွန်လေး
အရောင်ခြယ်ထားတာကအဆုံး
မင်းနဲ့ ပက်သက်တဲ့အရာအားလုံးဟာ
ငါ့အတွက်တော့ အနုပညာပါ …
မင်္ဂလာပါလို့ နှုတ်ခမ်းဖျားလေးက အချ
ငါဆယ်ဘ၀စာသေလို့ရပြီ….


မကြီးမငယ် ဒီအရွယ်ကျကာမှ
ချစ်ခြင်းဖွဲ့ကဗျာတွေရေးနေရ
သလားလို့
ငါ့ကို လူတွေ ဟားချင်ဟားကြပါစေ..
မင်းနဲ့မတွေ့ခင်က ဒုက္ခသစ္စာတစ်ခုကိုပဲ
ယုံကြည်ဖူးတာ
အခု ချစ်ခြင်းမေတ္တာကိုပါ ယုံကြည်လာတယ်..
ညီမလေးရယ်
မင်းသာစီရင်ချက်ချမယ်ဆို
ငါ့မြို့ပျက်ထဲမှာ ပုန်းအောင်းနေတဲ့ သေခြင်းတရားတောင်
အနုပညာဆန်ဆန်လှတယ်
ငါ့ကို သံသရာတစ်ခုစာလက်ထပ်ခွင့်ပြုပါ…
နောင်ဘယ်တော့မှ လမ်းမခွဲဘူး
ငါတို့လွဲခဲ့တဲ့ ဘ၀တွေအတွက်
နောင်လာမယ့် သံသရာတစ်ခုစာ
ငါ့ကို ချစ်နေခွင့်ပြုပါ … ညီမလေးရယ်.။။



မိုးလှိုင်ည

7 comments:

  1. ချစ်စရာကောင်းတဲ့ ကဗျာလေးပဲ။ စာသားတွေကနုရွနေတာပဲ..ကြိုက်တယ်ဗျို့

    ReplyDelete
  2. ကဗျာလေးလာဖတ်သွားပါတယ်

    ReplyDelete
  3. ဒီကဗျာလေးကို ကိုအောင်သာငယ်ရဲ့ Facebook မှာ တွေ့လို့ ရယ်၊ ကဗျာလေးလှတယ်ဆိုပြီး သူငယ်ချင်းတယောက်က ညွှန်လိုက်တာရယ်ကြောင့် ရောက်လာပါတယ်။ တခြားကဗျာအဟောင်းတွေတော့ မဖတ်ရသေးပါဘူး။ ဒါပေမယ့် ဒီကဗျာလေးကတော့ အလွန် ချစ်စရာကောင်းလွန်းလို့ နှစ်သက်မိပါတယ်... အဟောင်းတွေကို နောက်မှအေးအေးဆေးဆေး လာဖတ်ပါအုံးမယ်...

    ReplyDelete
  4. သေတော့ သေလိုက်ပါနဲ့အုံးဗျာ။
    ဒီလိုကဗျာတွေ အများကြီးဖတ်ချင်သေးတား)

    ReplyDelete
  5. ချစ်ခွင့်ပန်တဲ့ ကဗျာလေးရဲ့ ကရိယာတွေဖြစ်တဲ့ စကားလုံးလေးတွေက နုနေတာပဲ၊ တော်တော်ကောင်းတဲ့ ကဗျာ :)

    :::ZaunG:::

    ReplyDelete
  6. မင်္ဂလာပါလို့ နှုတ်ခမ်းဖျားလေးက အချ
    ငါဆယ်ဘ၀စာသေလို့ရပြီ….
    I like this word..! :P

    ReplyDelete
  7. မင်္ဂလာပါလို့ နှုတ်ခမ်းဖျားလေးက အချ
    ငါ ဆယ်ဘဝစာ သေလို့ရပြီ
    မသေပါနဲ့ဦး နာတို့ဖတ်စရာကဗျာလေးတွေ မရှိဘဲဖြစ်မယ်။ ချစ်နေခွင့်ပြုတယ်ထင်တယ်.... (ထင်တာပါ ဟီးးးး)ကဗျာလေးကိုတော့ မေလေးတို့ကို ချစ်နေခွင့်ပေးပါ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...