မီးပွိုင့်တွေ နီတယ်၊
စိမ်းတယ် ၊ ၀ါတယ် ။
လမ်းမီးလေးတွေ မှုန်ပျပျနဲ့
မုန့်ဟင်းခါးအလွတ် တစ်ပွဲ ၅၀၀ ဖြစ်သွားတယ်...။
မြို့လည်ခေါင်က တိုက်တွေ ပိုဟောင်းလာတယ်
တည်းခိုခန်းတွေ များလာတယ်၊
ဘက်စ်ကားခတွေ ဈေးတက်သွားတယ်
ရေသန့် တစ်ဗူး ၃၀၀ ဖြစ်သွားတယ်
စာရေးဆရာနီကိုရဲ သေသွားတယ်၊
သြော်...
အရင်အတိုင်းပဲ နင့်ကို ချစ်တယ်။
လဘ္ဘက်ရည် ပေါ့ဆိမ့်သောက်ပြီး
ရိုးရိုးတစ်ခွက်ကို ဘေးမှာထားတယ်
အဲဒီလိုပဲ ခပ်ကြောင်ကြောင်နဲ့
နင့်ကို ငါလွမ်းတယ်။
မြေနီလမ်းမှာမှ ကြွေခဲ့တဲ့
ခရေပန်းတွေမရှိတော့ပေမယ့်
နင်ရှိခဲ့တဲ့ နေရာလေးမှာ
ငါတစ်ညနေလုံး ထိုင်ပြီး ငိုင်တယ်..
အလင်းပြပြနဲ့ မိုးရွာတဲ့ မနက်မှာ
နင်ထွက်သွားတော့
ငါ့မျက်နှာတစ်ခုလုံး ရွဲရွဲစိုအောင်သည်းတဲ့မိုးရယ်၊
စကားလေးတစ်ခုရယ် ရှိုက်သံသဲ့သဲ့ရယ်၊
ဒါပါပဲ နင့်ကို သိပ်ချစ်တယ်...။
မျှော်လင့်ချက်တွေ နင်းခြေခံရတဲ့နေ့
အဲဒီနေ့က မန်ယူရှုံးသွားတယ်...
ဂစ်တာကြိုးလေးလည်း ဖရိုဖရဲ၊
ကြယ်လေးတွေ ဟိုတစ်စ ဒီတစ်စနဲ့
လမ်းမကြီးဘေးမှာ....
မူးတူးတူးရီဝေေ၀နဲ့ အိမ်အပြန် မိုးလင်းခဲ့တယ်..။
တစ်ချက်တစ်ချက်ပေါ်လာတတ်တဲ့ အနီရဲရဲသွားတွေရယ်၊
ပါးချိုင့်လေးရယ်၊
လမ်းကူးတိုင်း ကမ်းတဲ့လက်တွေရယ်၊
တောင်ပြော မြောက်ပြောပေမယ့်
ခပ်ပြင်းပြင်း ရင်ခုန်စေတဲ့ စကားတစ်ချို့ရယ်၊
ရောင်စုံမီးတွေနဲ့လှတဲ့ ညရယ်၊
မောင်မောင်ဇော်လတ် သီချင်းရယ်၊
အညိုရောင်သန်းတယ်ဆိုတဲ့ ဗိုလ်တစ်ထောင်ကမ်းနားရယ်၊
အိမ်ပြန်ချိန် ပဋိပက္ခတွေရယ်...
အ ရာ အား လုံး တိတ် ဆိတ် ငြိမ် သက် စွာ ….
ကွဲအက်နာကျင်စွာ...
ထားခဲ့လိုက်တယ်...
ထားလိုက်ပါတော့လေ....
နွေဦးပုံပြင်
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ငါ့ ဆံပင်တွေရှည်နေပြီ … ငါ့ အတွေးစတွေကလည်းရှည်ရှည်လျားလျား စာကိုတော့ ခပ်တိုတိုပဲ ငါရေးတတ်ချင်တော့တယ်… ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း ငါ ကေ...
-
နပိုလီယန်မဟုတ်ဘူး ကူဗလိုင်ခန်မဟုတ်ဘူး ဂျူးလိယက်ဆီဇာမဟုတ်ဘူး ဂျော့ဝါရှင်တန်မဟုတ်ဘူး မိုးလှိုင်ညဟုခေါ်ဆိုပါရန်.... ကျန်စစ်သားမဟုတ်ဘူး နရသီဟပတေ့မ...
နာကျင်စွာခံစားသွားပါတယ်
ReplyDeleteMANU ကိုတော့ စိတ်ညစ်နေတယ် ဒီနှစ်မလွယ်ဘူး
ကိုမိုးလှိုင်ညရေးတဲ့ ရန်ကုန်ကဗျာတွေကိုနှစ်သက်တယ် ... ဒီကဗျာလဲဖတ်လို့ကောင်းတာပဲ ...
ReplyDeleteဖတ်ရတာ ကျွန်မခံစားမှုနဲ့တစ်ထပ်တည်းကျနေတဲ့အတွက် သူများတွေထက်ပိုပြီး ထိချက်ပြင်းစွာခံစားသွားပါတယ်....
ReplyDeletethanks for the Upload :)
ReplyDelete